လမ္းလုပ္သား(၇၀)ေက်ာ္အတြက္ သီးစံုဘဲဥဟင္းနဲ႔ ထမင္းေတြခ်က္ၿပီး လွဴဒါန္းခဲ့တဲ့ ေဖြးေဖြးတို႔ မိသားစု

ႏိုင္ငံေက်ာ္ မင္းသမီး အကယ္ဒမီ သံုးဆု႐ွင္ ေဖြးေဖြးက သူမရဲ႕ အႏုပညာေၾကာင့္သာမက အေျခခံလူတန္းစားေတြအေပၚ စာနာတတ္တဲ့ ႏွလံုးသားေၾကာင့္လည္း လူခ်စ္လူခင္ ေပါမ်ားသူေလး ျဖစ္ပါတယ္။ အေျခခံလူတမ္းစား လုပ္သားေမာင္မယ္ေတြအတြက္ အျမဲတမ္း စားေကာင္းေသာက္ဖြယ္ေတြ ကိုယ္တိုင္ကိုယ္က် ခ်က္ျပဳတ္လွဴဒါန္းေလ့ရိွတဲ့ ေဖြးေဖြးတို႔မိသားစုက ဒီတစ္ေခါက္မွာလည္း လမ္းလုပ္သား စည္ပင္ဝန္ထမ္းေတြအတြက္ ထမင္းနဲ႔ဟင္းေတြ လွဴဒါန္းျဖစ္ေၾကာင္း အခုလို မ်ွေဝလာပါတယ္

“ေထာပတ္​ထမင္​းအတြက္​ ခ်က္​သမ်ွၾကက္​သား​ေတြရဲ႕အႏွ​စ္​​ေတြက အျမဲပို​ေန​ေတာ့ခဲထားၿပီး…ၾကာၾကာတခါ..သီးစံု ဘဲဥဟင္​းခ်က္​…ထမင္​းျဖဴ​ေတြခ်က္​ပါတယ္။ ”

“လမ္​းလုပ္​သား​ေတြစည္​ပင္​အမႈိက္​သိမ္​းသမား​ေတြ..အစရိွသျဖင္​့ ၾကံဳသလို လႉျဖစ္​ပါတယ္​…ဒီ​ေန႔လည္​း လူ၇၀​ေက်ာ္​စာခ်က္​ျဖစ္​ပါတယ္​…ခဏေန​ေလွ်ာက္​သြားလႉပါမယ္​….ပီတိ​ေလး​ေတြမ်ွ​ေဝတာပါ🤗” ဆိုၿပီး ေဖြးေဖြးတို႔ ေမေမ ေဒၚသိဂႌစံထြားက မ်ွေဝထားပါတယ္။

ေဖြးေဖြးရဲ႕ ေဖေဖနဲ႔ ေမေမက ဝါသနာအေလ်ာက္ ေထာပတ္ထမင္းနဲ႔ ၾကက္သားဟင္းေတြကို online မွာ ေအာ္ဒါလက္ခံ ေရာင္းခ်တာျဖစ္ၿပီး ထမင္း၊ ဟင္း ခ်က္ျပဳတ္ရတာကို ဝါသနာပါသူေတြ ျဖစ္ပါတယ္။

ေဖြးေဖြးကလည္း မိသားစုအလွဴေလးမွာ လုပ္အားဒါနေလးနဲ႔ ကိုယ္တိုင္ ဝင္ခ်က္ျပဳတ္ေပးခဲ့တာကို ေတြ႔ရပါတယ္။ ပရိသတ္ႀကီးလည္း ေဖြးေဖြးတို႔ မိသားစုရဲ႕ မြန္ျမတ္လွတဲ့ အလွဴေလးကို သာဓုေခၚေပးၾကပါဦးေနာ္။

Source: Theingi San Htwar’s fb,CRD-MOMOLAY

UNICODE

လမ်းလုပ်သား(၇၀)ကျော်အတွက် သီးစုံဘဲဥဟင်းနဲ့ ထမင်းတွေချက်ပြီး လှူဒါန်းခဲ့တဲ့ ဖွေးဖွေးတို့ မိသားစု

နိုင်ငံကျော် မင်းသမီး အကယ်ဒမီ သုံးဆုရှင် ဖွေးဖွေးက သူမရဲ့ အနုပညာကြောင့်သာမက အခြေခံလူတန်းစားတွေအပေါ် စာနာတတ်တဲ့ နှလုံးသားကြောင့်လည်း လူချစ်လူခင် ပေါများသူလေး ဖြစ်ပါတယ်။ အခြေခံလူတမ်းစား လုပ်သားမောင်မယ်တွေအတွက် အမြဲတမ်း စားကောင်းသောက်ဖွယ်တွေ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်လှူဒါန်းလေ့ရှိတဲ့ ဖွေးဖွေးတို့မိသားစုက ဒီတစ်ခေါက်မှာလည်း လမ်းလုပ်သား စည်ပင်ဝန်ထမ်းတွေအတွက် ထမင်းနဲ့ဟင်းတွေ လှူဒါန်းဖြစ်ကြောင်း အခုလို မျှဝေလာပါတယ်

“ထောပတ်ထမင်းအတွက် ချက်သမျှကြက်သားတွေရဲ့အနှစ်တွေက အမြဲပိုနေတော့ခဲထားပြီး…ကြာကြာတခါ..သီးစုံ ဘဲဥဟင်းချက်…ထမင်းဖြူတွေချက်ပါတယ်။ ”

“လမ်းလုပ်သားတွေစည်ပင်အမှိုက်သိမ်းသမားတွေ..အစရှိသဖြင့် ကြုံသလို လှူဖြစ်ပါတယ်…ဒီနေ့လည်း လူ၇၀ကျော်စာချက်ဖြစ်ပါတယ်…ခဏနေလျှောက်သွားလှူပါမယ်….ပီတိလေးတွေမျှဝေတာပါ🤗” ဆိုပြီး ဖွေးဖွေးတို့ မေမေ ဒေါ်သိင်္ဂီစံထွားက မျှဝေထားပါတယ်။

ဖွေးဖွေးရဲ့ ဖေဖေနဲ့ မေမေက ဝါသနာအလျောက် ထောပတ်ထမင်းနဲ့ ကြက်သားဟင်းတွေကို online မှာ အော်ဒါလက်ခံ ရောင်းချတာဖြစ်ပြီး ထမင်း၊ ဟင်း ချက်ပြုတ်ရတာကို ဝါသနာပါသူတွေ ဖြစ်ပါတယ်။

ဖွေးဖွေးကလည်း မိသားစုအလှူလေးမှာ လုပ်အားဒါနလေးနဲ့ ကိုယ်တိုင် ဝင်ချက်ပြုတ်ပေးခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးတို့ မိသားစုရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ပေးကြပါဦးနော်။

Source: Theingi San Htwar’s fb,CRD-MOMOLAY