ရဲေမေလးတစ္ေယာက္အျဖစ္ျမင္ေတြ႔ရမယ့္ ပန္းေရာင္ျခယ္ရဲ႕ပထမဆံုးရုပ္သံဇာတ္လမ္းတြဲ

အလွေသြးၾကြယ္တဲ့အဆိုေတာ္မေလးပန္းေရာင္ျခယ္ကေတာ့ ျမန္မာႏိုင္ငံရဲ႕နာမည္ၾကီး အဆိုေတာ္ဂေရဟမ္ရဲ႕သမီးေလးပါ။ဖခင္လိုပဲအႏုပညာပိုးပါလာတဲ့ပန္းေရာင္ျခယ္ဟာ “Wake up Daddy” ဆိုတဲ့ သီခ်င္းအယ္လ္ဘမ္ကိုထြက္ရွိခဲ့တာျဖစ္ျပီး အရည္အခ်င္းရွိတဲ့အဆိုေတာ္တစ္ေယာက္ ျဖစ္ေၾကာင္းကိုပရိသတ္ေတြကလက္ခံထားၾကတာပါ။ဒါ့အျပင္နာမည္ၾကီးအမွတ္တံဆိပ္ေတာ္ေတာ္မ်ားမ်ားနဲ႔လည္း လက္တြဲလုပ္ကိုင္ရတဲ့အထိလည္းေအာင္ျမင္တဲ့သူတစ္ဦးပါ။

ပန္းေရာင္ဟာ single အေနနဲ႔ထြက္ရွိခဲ့တဲ့ “Let It Go” သီခ်င္းမွာလည္း နာမည္ၾကီးမင္းသားျဖစ္တဲ့ေဒါင္းနဲ႔ တြဲဖက္ျပီးသရုပ္ေဆာင္ထားပါေသးတယ္။အဲ့ဒီသီခ်င္းမွာ ပီပီျပင္ျပင္သရုပ္ေဆာင္ႏုိင္တာေၾကာင့္ သရုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ႏိုင္တယ္လို႔ ထင္ေၾကးေပးခံထားရတာလည္းျဖစ္ပါတယ္။ပန္းေရာင္ကေတာ့ သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔ အႏုပညာအလုပ္ေတြလုပ္ဦးမယ္လို႔ ေျပာထားတာျဖစ္ျပီး အခုဆိုရင္သရုပ္ေဆာင္အေနနဲ႔ ပြဲဦးထြက္လာေတာ့မွာပါ။

ရုပ္သံလိုင္းတစ္ခုျဖစ္တဲ့ CANAL + ကေနျပီးေတာ့ ကိုယ္ပိုင္ဖန္တီးထားတဲ့ ရုပ္သံဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ “လိပ္ျပာ- အမွန္တရားရဲ႕ဓားတစ္လက္” ဇာတ္ကားကိုထုတ္လႊင့္ေတာ့မွာပါ။ဒီဇာတ္ကားမွာ ပန္းေရာင္ျခယ္ဟာ ရဲေမတစ္ေယာက္အျဖစ္ပါ၀င္ထားတာျဖစ္ပါတယ္။ အခုဆိုရင္ ဒီဇာတ္ကားရဲ႕Official Teaser ကလည္း ထြက္ရွိလာပါျပီ။မာန္အျပည့္နဲ႔သရုပ္ေဆာင္ထားတဲ့ပန္းေရာင္ကို ဒီ Teaser ေလးထဲမွာေတြ႔ျမင္ရမွာပါ။ပန္းေရာင္ျခယ္ရဲ႕ပရိသတ္ေတြအတြက္ေတာ့ရင္ခုန္စရာပါပဲေနာ္…။

Source : PanYaungChel,CRD-CELE GABAR

UNICODE

ရဲမေလေးတစ်ယောက်အဖြစ်မြင်တွေ့ရမယ့် ပန်းရောင်ခြယ်ရဲ့ပထမဆုံးရုပ်သံဇာတ်လမ်းတွဲ

အလှသွေးကြွယ်တဲ့အဆိုတော်မလေးပန်းရောင်ခြယ်ကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီး အဆိုတော်ဂရေဟမ်ရဲ့သမီးလေးပါ။ဖခင်လိုပဲအနုပညာပိုးပါလာတဲ့ပန်းရောင်ခြယ်ဟာ “Wake up Daddy” ဆိုတဲ့ သီချင်းအယ်လ်ဘမ်ကိုထွက်ရှိခဲ့တာဖြစ်ပြီး အရည်အချင်းရှိတဲ့အဆိုတော်တစ်ယောက် ဖြစ်ကြောင်းကိုပရိသတ်တွေကလက်ခံထားကြတာပါ။ဒါ့အပြင်နာမည်ကြီးအမှတ်တံဆိပ်တော်တော်များများနဲ့လည်း လက်တွဲလုပ်ကိုင်ရတဲ့အထိလည်းအောင်မြင်တဲ့သူတစ်ဦးပါ။

ပန်းရောင်ဟာ single အနေနဲ့ထွက်ရှိခဲ့တဲ့ “Let It Go” သီချင်းမှာလည်း နာမည်ကြီးမင်းသားဖြစ်တဲ့ဒေါင်းနဲ့ တွဲဖက်ပြီးသရုပ်ဆောင်ထားပါသေးတယ်။အဲ့ဒီသီချင်းမှာ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးခံထားရတာလည်းဖြစ်ပါတယ်။ပန်းရောင်ကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေလုပ်ဦးမယ်လို့ ပြောထားတာဖြစ်ပြီး အခုဆိုရင်သရုပ်ဆောင်အနေနဲ့ ပွဲဦးထွက်လာတော့မှာပါ။

ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ CANAL + ကနေပြီးတော့ ကိုယ်ပိုင်ဖန်တီးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “လိပ်ပြာ- အမှန်တရားရဲ့ဓားတစ်လက်” ဇာတ်ကားကိုထုတ်လွှင့်တော့မှာပါ။ဒီဇာတ်ကားမှာ ပန်းရောင်ခြယ်ဟာ ရဲမေတစ်ယောက်အဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။ အခုဆိုရင် ဒီဇာတ်ကားရဲ့Official Teaser ကလည်း ထွက်ရှိလာပါပြီ။မာန်အပြည့်နဲ့သရုပ်ဆောင်ထားတဲ့ပန်းရောင်ကို ဒီ Teaser လေးထဲမှာတွေ့မြင်ရမှာပါ။ပန်းရောင်ခြယ်ရဲ့ပရိသတ်တွေအတွက်တော့ရင်ခုန်စရာပါပဲနော်…။

Source : PanYaungChel,CRD-CELE GABAR