အခြင့္အေရးေပးရင္ အႏုပညာအလုပ္ေတြ ျပန္လုပ္ခ်င္တဲ့ ျပည့္ဖူးခိုင္

သ႐ုပ္ေဆာင္ ျပည့္ဖူးခိုင္က အရင္တုန္းက ႐ိုက္ကူးထားတဲ့ ဇာတ္ကားေတြကို ျပန္ၾကည့္ရင္ အရင္က အခ်ိန္ေတြကို လြမ္းဆြတ္သတိရမိတယ္လို႔ ဆိုပါတယ္။အႏုပညာေလာကနဲ႔ အဆက္အသြယ္ျပတ္ေနတဲ့ ျပည့္ဖူးခိုင္က အခြင့္အေရးေပးရင္ ပရိသတ္ေတြအတြက္ အႏုပညာအသစ္ေတြ ထပ္လုပ္ျပခ်င္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ လက္ရွိမွာ အႏုပညာအလုပ္ေတြ သိပ္မလုပ္ျဖစ္ေတာ့ပါဘူးတဲ့။

“လတ္တေလာ အႏုပညာအလုပ္ေတြ သိပ္မလုပ္ျဖစ္ေတာ့ပါဘူး။ TV ေတြကေန အမဇာတ္ကားေတြ လာရင္ပရိသတ္ေတြက လာလာေျပာတယ္အဲဒီအခါမ်ိဳးဆိုရင္ စိတ္မေကာင္းျဖစ္မိတယ္။ အခြင့္အေရး ေပးရင္လည္း အႏုပညာအသစ္ေတြ ထပ္လုပ္ခ်င္တယ္””လို႔   ေျပာပါတယ္။အႏုပညာေလာကမွာ သူမျဖတ္သန္းခဲ့စဥ္တုန္းက ထြက္ခဲ့သမွ် ဇာတ္ကားေတြ အေခြေတြကိုလည္း ဘဝရဲ႕ အမွတ္တရတစ္ခုအျဖစ္ သိမ္းဆည္းထားတာမ်ိဳးေတြ ရွိတယ္လို႔ ဆိုပါတယ္။

“အမလႈပ္ရွားခဲ့တဲ့ အႏုပညာနဲ႔ ပတ္သက္တဲ့ လႈပ္ရွားမႈေတြကို သိမ္းထားတယ္။ ဇာတ္ကားေတြ ပိုစတာေတြ အကုန္လုံးကို သိမ္းထားတာ။ ကိုရဲေလး ကိုစိုင္းတို႔နဲ႔ ႐ိုက္တဲ့ ဇာတ္ကားဆိုရင္လည္း ခဏခဏ ျပန္ၾကည့္မိတယ္။ အဲဒီဇာတ္ကားေလးက ဘယ္အခ်ိန္ ျပန္ၾကည့္ၾကည့္ ႐ိုးမသြားဘူးေလ” လို႔ သူက ေျပာျပခဲ့ပါတယ္။ျပည့္ဖူးခိုင္ကို ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးလာၾကတာပါ။ ျပည့္ဖူးခိုင္ကေတာ့ တစ္ခ်ိန္က ေအာင္ျမင္ခဲ့တဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ၿပီး သူရဲ႕သီခ်င္းေလးေတြဟာလဲ မိန္းကေလးေတြ အေတာ္ေလးကို ႀကိဳက္ႏွစ္သက္ခဲ့ပါတယ္။

သူက သီခ်င္းေလးေတြလဲ သီဆိုခဲ့သလို သ႐ုပ္ေဆာင္ပိုင္းမွာလဲ ထူးခြၽန္သူတစ္ေယာက္ျဖစ္ၿပီး ဇာတ္႐ုပ္တိုင္းကို အေကာင္းဆုံးနဲ႔ အပီျပင္ဆုံးသ႐ုပ္ေဆာင္ႏိုင္သူေလးပဲ ျဖစ္ပါတယ္။စြယ္စုံရအနပညာရွင္တစ္ေယာက္ဆိုလဲ မမွားပါဘူး။ သူမကေတာ့ အနပညာအလုပ္ေတြကေနရပ္နားထားေပမယ့္ ပရိသတ္ေတြရဲ႕ အခ်စ္ကို ရရွိေနသူေလးပဲ ျဖစ္ပါတယ္။

CRD-Cele Yatkwat

UNICODE

အခွင့်အရေးပေးရင် အနုပညာအလုပ်တွေ ပြန်လုပ်ချင်တဲ့ ပြည့်ဖူးခိုင်

သရုပ်ဆောင် ပြည့်ဖူးခိုင်က အရင်တုန်းက ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကို ပြန်ကြည့်ရင် အရင်က အချိန်တွေကို လွမ်းဆွတ်သတိရမိတယ်လို့ ဆိုပါတယ်။အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်နေတဲ့ ပြည့်ဖူးခိုင်က အခွင့်အရေးပေးရင် ပရိသတ်တွေအတွက် အနုပညာအသစ်တွေ ထပ်လုပ်ပြချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိမှာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပါဘူးတဲ့။

“လတ်တလော အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပါဘူး။ TV တွေကနေ အမဇာတ်ကားတွေ လာရင်ပရိသတ်တွေက လာလာပြောတယ်အဲဒီအခါမျိုးဆိုရင် စိတ်မကောင်းဖြစ်မိတယ်။ အခွင့်အရေး ပေးရင်လည်း အနုပညာအသစ်တွေ ထပ်လုပ်ချင်တယ်””လို့  ပြောပါတယ်။အနုပညာလောကမှာ သူမဖြတ်သန်းခဲ့စဉ်တုန်းက ထွက်ခဲ့သမျှ ဇာတ်ကားတွေ အခွေတွေကိုလည်း ဘဝရဲ့ အမှတ်တရတစ်ခုအဖြစ် သိမ်းဆည်းထားတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

“အမလှုပ်ရှားခဲ့တဲ့ အနုပညာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို သိမ်းထားတယ်။ ဇာတ်ကားတွေ ပိုစတာတွေ အကုန်လုံးကို သိမ်းထားတာ။ ကိုရဲလေး ကိုစိုင်းတို့နဲ့ ရိုက်တဲ့ ဇာတ်ကားဆိုရင်လည်း ခဏခဏ ပြန်ကြည့်မိတယ်။ အဲဒီဇာတ်ကားလေးက ဘယ်အချိန် ပြန်ကြည့်ကြည့် ရိုးမသွားဘူးလေ” လို့ သူက ပြောပြခဲ့ပါတယ်။

ပြည့်ဖူးခိုင်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာပါ။ ပြည့်ဖူးခိုင်ကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သူရဲ့သီချင်းလေးတွေဟာလဲ မိန်းကလေးတွေ အတော်လေးကို ကြိုက်နှစ်သက်ခဲ့ပါတယ်။

သူက သီချင်းလေးတွေလဲ သီဆိုခဲ့သလို သရုပ်ဆောင်ပိုင်းမှာလဲ ထူးချွန်သူတစ်ယောက်ဖြစ်ပြီး ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။စွယ်စုံရအနပညာရှင်တစ်ယောက်ဆိုလဲ မမှားပါဘူး။ သူမကတော့ အနပညာအလုပ်တွေကနေရပ်နားထားပေမယ့် ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေသူလေးပဲ ဖြစ်ပါတယ်။

CRD-Cele Yatkwat