




UNICODE

ရိုက်ကွင်းမှာမတော်တဆထိခိုက်မှုတစ်ခုဖြစ်ခဲ့တဲ့ခြူးလေး

MRTV-4 ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် အနုပညာလမ်းကြောင်းပေါ်ကို အချိန်တိုအတွင်းလျှောက်လှမ်းလာသူလေးကတော့ မင်းသမီးချောလေးခြူးလေးပါ။ သူမရဲ့သရုပ်ဆောင်ပီပြင်မှုကြောင့်လည်း လတ်တလောမှာရုပ်သံဇာတ်လမ်းတွဲများစွာကိုလက်မလည်အောင်ရိုက်ကူးနေရတာပါ။

သူမကတော့အောင်မြင်လာတာနဲ့အမျှပရိသတ်တွေအတွက်အနုပညာအလုပ်တွေကိုအဆက်မပြတ်လုပ်ကိုင်နေတာပါ။ကြော်ငြာဓာတ်ပုံလေးတွေလည်းအများဆုံးရိုက်ကူးနေရပြီး တစ်နေ့တစ်ခြားလည်းအလှတွေပိုလာတဲ့ မင်းသမီးချောလေးပါ။

သူမရဲ့ Facebook Myday လေးမှာ ပုံရိပ်လေးတစ်ခုတင်ထားတာပါ။ ဒါကတော့ ” Shooting အမှတ်တရပေါ့ ခုမှသေလောက်အောင်နာလာရလား” ဆိုပြီး ရေးသားထားတာပါ။ ခြူးလေးကတော့ သူမရိုက်ကွင်းမှာလက်ကောက်ဝတ်တွင်မတော်တဆဒဏ်ရာရလာတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကိုတစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Chue Chue’s Facebook Myday,CRD-Myanmar load