






UNICODE

ပင်းတယရွှေဥမင်ဘုရားမှာ မင်းကို စောင့်နေခဲ့တာဆိုတဲ့ နေခြည်ရွှန်းလက်

ချစ်စရာကောင်းပြီး တောက်ပတဲ့အပြုံးပိုင်ရှင်လေး နေခြည်ရွှန်းလက်က သေးသွယ်တဲ့ ခန္ဓာကိုယ်လေးနဲ့ ကိုရီးယားမလေးတစ်ယောက်လို လှပတာပဲ ဖြစ်ပါတယ်။ နေခြည်ရွှန်းလက်က ဇာတ်လမ်းတွဲ တော်တော်များများမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူပါ။ နေခြည်ရွှန်းလက်က လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ နေခြည်ရွှန်းလက်က သူမရဲ့ ချစ်စရာကောင်းပြီး ရိုးရိုးယဉ်ယဉ်လေး လှနေတဲ့ သူမရဲ့ ပုံရိပ်တွေကို မျှဝေထားပါတယ်။ပရိသတ်တွေအတွက် နေခြည်ရွှန်းလက်ရဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပင်းတယရွှေဥမင်ဘုရားမှာ မင်းကို စောင့်နေခဲ့တာဆိုတဲ့ နေခြည်ရွှန်းလက်

နေခြည်ရွှန်းလက်ကတော့ လက်ရှိမှာ “အခန်းနံပါတ်” ဆိုတဲ့ ဇာတ်လမ်းတွဲကို ဝင့်ယမုံနိုင်၊ ကျော်ဆုတို့နဲ့အတူတူ ရိုက်ကူးနေပြီး ကြော်ငြာတွေကိုလည်း လက်မလည်အောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

နေခြည်ရွှန်းလက်ကတော့ တောက်ပတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Nay Chi Shoon Lak’s fb,CRD-MOMOLAY

Loading...