မသိခ်င္ေယာင္ေဆာင္ရင္ ေပးဆပ္မႈမ်ားပါတယ္ ရဲရဲႀကီး”ျဖဴ”လိုက္ပါဆိုတဲ့ လင္းလင္း

တစ္ႏိုင္ငံလံုးက မိဘျပည္သူေတြ စိတ္ဝင္တစား ေစာင့္ၾကည့္ေနၾကတဲ့ ေနျပည္ေတာ္ မူႀကိဳေက်ာင္းမွ သက္ငယ္မုဒိန္းမႈကေတာ့ တစ္ေန႔တစ္ျခား စိတ္ဝင္စားဖို႔ ေကာင္းေနတာပဲ ျဖစ္ပါတယ္။ ဒီကေန႔ စက္တင္ဘာလ (၁၁) ရက္ေန႔မွာေတာ့ ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရားရံုးမွာ သမီးငယ္ Victoria က သူမကို မတရားက်င့္ၾကံသူေတြကို ႏႈတ္ကေနေရာ၊ ဓာတ္ပံုကိုေရာ ေရြးခ်ယ္ျပသခဲ့တယ္လို႔ သိရပါတယ္။

ႏိုင္ငံေက်ာ္ အဆိုေတာ္ လင္းလင္းကလည္း သူေစာင့္ၾကည့္ေနတဲ့ သမီးေလး Victoria ရဲ႕ အမႈနဲ႔ ပက္သတ္ၿပီး အခုလိုပဲ ေျပာျပလာပါတယ္။ “ႏိုင္ငံေရး သီလ၊သမာဓိ ျပည့္စံုလြန္းလွေသာ မိဘ ဆရာသမားေတြေျပာတဲ့ ” တာဝန္ယူမႈ၊ တာဝန္ခံမႈ ” ဆိုတဲ့အဓိပၸါယ္ရဲ႕ ‘တန္ဖိုး’.. မသိခ်င္ေယာင္ေဆာင္ရင္ ေပးဆပ္မႈမ်ားပါတယ္။ေနာက္က်တယ္မရွိပါဘူး။ ရဲရဲ ” ျဖဴ “လိုက္ပါ။”

“လူဆိုတာအမွားမကင္းဘူး ဆိုေသာ္လည္း ‘ ဘယ္ေလာက္ မွား မွာလဲ? ‘ ဆိုတဲ့ ေမးခြန္းရဲ႕အေျဖဟာ လူ႔သမိုင္းေတြကို ႀကီးက်ယ္စြာ ေျပာင္းလဲေစပါတယ္။””ကိုယ့္ရဲ႕ လိပ္ျပာကို ငရဲမီးနဲ႔ေန႔တိုင္းထိုးၿပီး ေသာကဗ်ာပါဒေတြကို ေန႔တိုင္းမ်ိဳခ်မလို႔လား?။’ တာဝန္ယူပါ ‘ ။ ၿပီးေတာ့ ‘ တာဝန္ခံပါ ‘ ။’ ဘယ္ေလာက္မွားမွာလဲ ? ‘ ကိုယ္တိုင္ေျဖပါ။” ဆိုုၿပီး ေျပာလာပါတယ္။

သမီးေလး Victoria ရဲ႕ အမႈကေတာ့ တရားမ်ွတမႈကို ရရိွဖို႔ တျဖည္းျဖည္း နီးစပ္ေနၿပီ ျဖစ္ပါတယ္။ Victoria လို အျဖစ္ဆိုး၊ အတိတ္ဆိုးမ်ိဳး ေနာက္ထပ္ဘယ္သူမွ ထပ္မၾကံဳပါေစနဲ႔လို႔ မိုမိုေလးမွ ဆုေတာင္းပါတယ္။

CRD-Rowena,Source: Lin Lin’s fb

UNICODE

မသိချင်ယောင်ဆောင်ရင် ပေးဆပ်မှုများပါတယ် ရဲရဲကြီး”ဖြူ”လိုက်ပါဆိုတဲ့ လင်းလင်း

တစ်နိုင်ငံလုံးက မိဘပြည်သူတွေ စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ နေပြည်တော် မူကြိုကျောင်းမှ သက်ငယ်မုဒိန်းမှုကတော့ တစ်နေ့တစ်ခြား စိတ်ဝင်စားဖို့ ကောင်းနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၁၁) ရက်နေ့မှာတော့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ သမီးငယ် Victoria က သူမကို မတရားကျင့်ကြံသူတွေကို နှုတ်ကနေရော၊ ဓာတ်ပုံကိုရော ရွေးချယ်ပြသခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံကျော် အဆိုတော် လင်းလင်းကလည်း သူစောင့်ကြည့်နေတဲ့ သမီးလေး Victoria ရဲ့ အမှုနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောပြလာပါတယ်။ “နိုင်ငံရေး သီလ၊သမာဓိ ပြည့်စုံလွန်းလှသော မိဘ ဆရာသမားတွေပြောတဲ့ ” တာဝန်ယူမှု၊ တာဝန်ခံမှု ” ဆိုတဲ့အဓိပ္ပါယ်ရဲ့ ‘တန်ဖိုး’.. မသိချင်ယောင်ဆောင်ရင် ပေးဆပ်မှုများပါတယ်။နောက်ကျတယ်မရှိပါဘူး။ ရဲရဲ ” ဖြူ “လိုက်ပါ။”

“လူဆိုတာအမှားမကင်းဘူး ဆိုသော်လည်း ‘ ဘယ်လောက် မှား မှာလဲ? ‘ ဆိုတဲ့ မေးခွန်းရဲ့အဖြေဟာ လူ့သမိုင်းတွေကို ကြီးကျယ်စွာ ပြောင်းလဲစေပါတယ်။””ကိုယ့်ရဲ့ လိပ်ပြာကို ငရဲမီးနဲ့နေ့တိုင်းထိုးပြီး သောကဗျာပါဒတွေကို နေ့တိုင်းမျိုချမလို့လား?။’ တာဝန်ယူပါ ‘ ။ ပြီးတော့ ‘ တာဝန်ခံပါ ‘ ။’ ဘယ်လောက်မှားမှာလဲ ? ‘ ကိုယ်တိုင်ဖြေပါ။” ဆိုပြီး ပြောလာပါတယ်။

သမီးလေး Victoria ရဲ့ အမှုကတော့ တရားမျှတမှုကို ရရှိဖို့ တဖြည်းဖြည်း နီးစပ်နေပြီ ဖြစ်ပါတယ်။ Victoria လို အဖြစ်ဆိုး၊ အတိတ်ဆိုးမျိုး နောက်ထပ်ဘယ်သူမှ ထပ်မကြုံပါစေနဲ့လို့ မိုမိုလေးမှ ဆုတောင်းပါတယ်။

CRD-Rowena,Source: Lin Lin’s fb