




UNICODE

စင်ကာပူနိုင်ငံရဲ့အထင်ကရနေရာများကို ချစ်ခင်ပွန်းရဲ့လက်မောင်းလေးကိုချိတ်ကာလည်ပတ်နေတဲ့ စန္ဒီမြင့်လွင်

အဆိုတော်မလေး စန္ဒီမြင့်လွင်ကတော့ မကြာသေးခင်ကပဲ သမီးချောလေး Treasure လေးကို မွေးဖွားထားတာပါ။ ဒီးဒီဟာ လတ်တလောမှာ အနုပညာအလုပ်တွေကို ခေတ္တနားထားပြီး သမီးလေးကို ပြုစုစောင့်ရှောက်နေတာပါ။ သမီးလေးကလည်း ဝဝကစ်ကစ်လေးနဲ့အသည်းယားစရာကောင်းတာကြောင့် အားလုံးကချစ်နေရတာပါ။

ဒီးဒီဟာ သူမရဲ့လတ်တလောလှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာတွင် တင်လေ့ရှိသူပါ။ အခုမှာလည်း စင်ကာပူနိုင်ငံကိုရောက်ရှိနေတာပဲဖြစ်ပြီး ခရီးသွားပုံရိပ်တွေကို တင်ထားတာပါ။

လွန်ခဲ့တဲ့ နာရီပိုင်းလောက်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ချစ်ခင်ပွန်းရဲ့လက်မောင်းလေးကိုချိတ်ကာ စင်ကာပူနိုင်ငံရဲ့အထင်ကရနေရာများကို လည်ပတ်နေတဲ့ပုံရိပ်လေးတွေ တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီးဒီရဲ့ခရီးသွားပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Sandi Myint Lwin’s Facebook Account,CRD-Myanmar Load