” အမာခံပရိသတ္ေတြရဲ႕ အားေပးျခင္းသာမက အေရျပားေပၚမွာပါ ပံုေဖာ္အားေပးျခင္း ခံလိုက္ရတဲ႕ ေဒါင္း “

ေဒါင္းကေတာ့ ” ပုဂံၿမိဳ႕သူ ” ဇာတ္လမ္းတြဲ မွာ ေမာင္ေမာင္ႀကီး ကာ႐ိုက္တာနဲ႔ ပရိသတ္ေတြရင္ထဲေရာက္ခဲ့သူပဲ ျဖစ္ၿပီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံၿမိဳ႕သူဇာတ္ကားနဲ႔ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ေဒါင္းကိုဆိုမေႂကြတဲ့ မိန္းကေလးေတြမရွိသေလာက္ပါပဲေနာ္။ေဒါင္းရဲ႕ ေနာက္မွာ အားေပးတဲ့ အမာခံမိန္းကေလးပရိသတ္ေတြ အမ်ားႀကီးရွိပါတယ္။ ေဒါင္းရဲ႕ ညႇိဳ႕အားျပင္းတဲ့မ်က္ဝန္းတစ္စုံနဲ႔ သူ႔ရဲ႕ တည္ၿငိမ္ေအးေဆးတဲ့ အၿပဳံး ေယာက်ာ္းပီသတဲ့ ပုံစံေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြ ေႂကြေလာက္စရာ ျဖစ္ေနတာပါ။

” လိပ္ျပာစံအိမ္ ” ႐ုပ္ရွင္ကားႀကီးနဲ႔ စတင္ ပြဲထြက္လာခဲ့ၿပီး ဒုတိယတစ္ကားျဖစ္တဲ့ ” ဒ႑ာရီမိုး ” ဇာတ္ကားမွာလည္း ” ဒီလႈိင္း ” ဆိုတဲ့ ဇာတ္ေကာင္ ကို ပိုင္ႏိုင္သက္ဝင္မႈ တို႔ေၾကာင့္ ပရိသတ္ေတြ အသည္းကို ထပ္မံ ေႁခြယူခဲ့ႏိုင္တာပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းတြဲေတြတင္မကဘဲ ႐ုပ္ရွင္ကားႀကီးေတြပါ ႐ိုက္ၿပီး ပရိသတ္အားေပးမႈအျပည့္အဝရထားသူျဖစ္တဲ့အျပင္ လတ္တေလာမွာလည္း ေနျခည္ဦးနဲ႔တြဲဖက္ၿပီး ႐ုပ္ရွင္ကားႀကီး တစ္ကား႐ိုက္ကူးေနၿပီး ထပ္မံ႐ိုက္ကူးမည့္ ႐ုပ္ရွင္ကားႀကီးေတြမ်ားစြာရွိေနတာပဲ ျဖစ္ပါတယ္။

တက္သစ္စျဖစ္ေပမယ့္အမ်ိဳးသမီးပရိသတ္ေတြ အမ်ားဆုံးအားေပးဝန္းရံခံရတဲ့သူပဲ ျဖစ္ၿပီး သ႐ုပ္ေဆာင္ခ်က္ေတြပီျပင္မႈေၾကာင့္ အခ်ိန္တိုတိုနဲ႔ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ေရာက္ရွိခဲ့တဲ့သူလို႔ဆိုႏိုင္ပါတယ္။ေဒါင္းဟာသူ႕ရဲ႕ ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြကို သိုသိုဝွက္ဝွက္ ေနထိုင္တတ္သူျဖစ္ေပမယ့္ ပရိသတ္ေတြကေတာ့ အားေပးၿမဲအားေပးဆဲပဲ ျဖစ္ပါတယ္။လက္ရွိမွာလည္း အမာခံပရိသတ္ေတြရဲ႕ အားေပးျခင္းသာမက အေရျပားေပၚမွာ ပံုေဖာ္အားေပးျခင္းကိုခံခဲ့ရတာပဲ ျဖစ္ပါတယ္။သူ႕ရဲ႕ ပရိသတ္တစ္ေယာက္ဟာ ေဒါင္းရဲ႕ အေနအထိုင္တည္ၾကည္ျပတ္သားမႈတို႕ေၾကာင့္ သေဘာက်ကာ ေဒါင္းရဲ႕ပံုတူကို တက္တူးေရထိုးခဲ့တာပဲ ျဖစ္ပါတယ္။ပရိသတ္ႀကီးေရာ ေဒါင္း ကို အားေပးသေဘာက်ရဲ႕ လားဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source :ေဒါင္းခ်စ္သူမ်ား,CRD-Cele Gabar

UNICODE

” အမာခံပရိသတ်တွေရဲ့ အားပေးခြင်းသာမက အရေပြားပေါ်မှာပါ ပုံဖော်အားပေးခြင်း ခံလိုက်ရတဲ့ ဒေါင်း “

ဒေါင်းကတော့ ” ပုဂံမြို့သူ ” ဇာတ်လမ်းတွဲ မှာ မောင်မောင်ကြီး ကာရိုက်တာနဲ့ ပရိသတ်တွေရင်ထဲရောက်ခဲ့သူပဲ ဖြစ်ပြီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံမြို့သူဇာတ်ကားနဲ့ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါင်းကိုဆိုမကြွေတဲ့ မိန်းကလေးတွေမရှိသလောက်ပါပဲနော်။ဒေါင်းရဲ့ နောက်မှာ အားပေးတဲ့ အမာခံမိန်းကလေးပရိသတ်တွေ အများကြီးရှိပါတယ်။ ဒေါင်းရဲ့ ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံနဲ့ သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အပြုံး ယောကျာ်းပီသတဲ့ ပုံစံကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေလောက်စရာ ဖြစ်နေတာပါ။

” လိပ်ပြာစံအိမ် ” ရုပ်ရှင်ကားကြီးနဲ့ စတင် ပွဲထွက်လာခဲ့ပြီး ဒုတိယတစ်ကားဖြစ်တဲ့ ” ဒဏ္ဍာရီမိုး ” ဇာတ်ကားမှာလည်း ” ဒီလှိုင်း ” ဆိုတဲ့ ဇာတ်ကောင် ကို ပိုင်နိုင်သက်ဝင်မှု တို့ကြောင့် ပရိသတ်တွေ အသည်းကို ထပ်မံ ခြွေယူခဲ့နိုင်တာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေတင်မကဘဲ ရုပ်ရှင်ကားကြီးတွေပါ ရိုက်ပြီး ပရိသတ်အားပေးမှုအပြည့်အဝရထားသူဖြစ်တဲ့အပြင် လတ်တလောမှာလည်း နေခြည်ဦးနဲ့တွဲဖက်ပြီး ရုပ်ရှင်ကားကြီး တစ်ကားရိုက်ကူးနေပြီး ထပ်မံရိုက်ကူးမည့် ရုပ်ရှင်ကားကြီးတွေများစွာရှိနေတာပဲ ဖြစ်ပါတယ်။

တက်သစ်စဖြစ်ပေမယ့်အမျိုးသမီးပရိသတ်တွေ အများဆုံးအားပေးဝန်းရံခံရတဲ့သူပဲ ဖြစ်ပြီး သရုပ်ဆောင်ချက်တွေပီပြင်မှုကြောင့် အချိန်တိုတိုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တဲ့သူလို့ဆိုနိုင်ပါတယ်။ဒေါင်းဟာသူ့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သိုသိုဝှက်ဝှက် နေထိုင်တတ်သူဖြစ်ပေမယ့် ပရိသတ်တွေကတော့ အားပေးမြဲအားပေးဆဲပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း အမာခံပရိသတ်တွေရဲ့ အားပေးခြင်းသာမက အရေပြားပေါ်မှာ ပုံဖော်အားပေးခြင်းကိုခံခဲ့ရတာပဲ ဖြစ်ပါတယ်။သူ့ရဲ့ ပရိသတ်တစ်ယောက်ဟာ ဒေါင်းရဲ့ အနေအထိုင်တည်ကြည်ပြတ်သားမှုတို့ကြောင့် သဘောကျကာ ဒေါင်းရဲ့ပုံတူကို တက်တူးရေထိုးခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရော ဒေါင်း ကို အားပေးသဘောကျရဲ့ လားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။