ေအာင္ျမင္လာတဲ့အေပၚ ဘဝေမ့သြားမွာ မဟုတ္ဘူးဆိုတဲ့ ပိုင္တံခြန္

ပိုင္တံခြန္က ထိုင္းႏိုင္ငံကို သြားတဲ့အခ်ိန္မွာ အရာရာဦးစားေပးခံရလို႔ ဝမ္းသာပီတိျဖစ္ေနတယ္လို႔ ဆိုပါတယ္။ ဒီလို ေအာင္ျမင္ခဲ့လို႔လည္း ဘဝေမ့မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ပိုင္တံခြန္ကေတာ့ လက္ရွိမွာ ျမန္မာႏိုင္ငံမွာသာမက ထိုင္းႏိုင္ငံရဲ႕ အႏုပညာေလာကမွာပါ ေအာင္ျမင္ေနၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္။ ဒီလို ေအာင္ျမင္လာတဲ့အေပၚမွာလည္း ဘဝေမ့သြားမွာ မဟုတ္ဘူးလို႔ မီဒီယာ အင္တာဗ်ဴးေတြကေနတဆင့္ေျပာျပလာပါတယ္။

‘’ ေအာက္ေျခလြတ္သြားမယ့္လူထဲမွာေတာ့ မပါပါဘူးခင္ဗ်။ ဒါေပမယ့္ အေျခအေန အခ်ိန္အခါအလိုက္ ကိုယ့္ရဲ႕ တန္ဖိုးကိုေတာ့ ျမင္သြားရတာေပါ့ေနာ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္က တစ္ခ်ိန္က သူေတာင္းစားတစ္ေယာက္ျဖစ္ခဲ့မယ္၊ အခုခ်ိန္မွာ ကိုယ္က သူေဌးတစ္ေယာက္ျဖစ္ေနမယ္။ သူေဌးျဖစ္တဲ့အခ်ိန္မွာ ေတာင္းစားတုန္းက အေျခအေနမ်ိဳးကို ျပန္ၿပီးေနထိုင္လို႔မရေတာ့ဘူး။ သူ႔အဆင့္အတန္း၊ သူ႔အေျပာအဆို၊ သူ႔အေနအထိုင္က အစ အကုန္ေျပာင္းလဲရတယ္။ ဒါကို ဘဝေမ့သြားတယ္လို႔ေတာ့ ေျပာလို႔မရဘူးေပါ့’’ လို႔ သူကဆိုပါတယ္။

ထိုင္းႏိုင္ငံက ပရိသတ္ေတြက ပိုင္တံခြန္ကို အသားမဲလို႔ ခ်စ္ၾကတာလို႔လည္း ရယ္ရယ္ေမာေမာနဲ႔ ေျပာျပခဲ့ျပန္ပါေသးတယ္။‘’ ကြၽန္ေတာ္က အခု ထိုင္းမင္းသားမျဖစ္ေသးပါဘူး။ အခုက ကုလားမင္းသားျဖစ္ေနတာ။ ထိုင္းႏိုင္ငံကို သြားေတာ့ ကြၽန္ေတာ္ သူတို႔ကို ေမးၾကည့္တယ္။ ကြၽန္ေတာ့္ကို ဘာလို႔သေဘာက်တာလဲေပါ့။ အသားမဲလို႔ႀကိဳက္တာတဲ့။ နင္သာျဖဴရင္ နင့္ကို ဘယ္သူမွမႀကိဳက္ဘူးတဲ့ေျပာတယ္’’ ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပခဲ့ပါေသးတယ္။

ပိုင္တံခြန္က ထိုင္းႏိုင္ငံကို သြားတဲ့ အခ်ိန္မွာ စိတ္ခ်မ္းသာစရာေတြ ႀကဳံခဲ့ရတယ္လို႔ ဆိုပါတယ္။ ဦးစားေပးၾကလြန္းလို႔လည္း ဝမ္းသာတယ္လို႔ စက္တင္ဘာလ ၁၀ ရက္ေန႔ မနက္ပိုင္းက ေမွာင္တိုက္႐ုပ္ရွင္ကားႀကီး ကန္ေတာ့ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။‘’သူတို႔ႏိုင္ငံေရာက္တုန္းကဆိုရင္ သူမ်ားေတြထက္ အရမ္းဦးစားေပးခံခဲ့ရတယ္။ ဥပမာ စားေသာက္ဆိုင္ထဲသြားမယ္ဆိုရင္ေတာင္မွ ကိုယ့္အတြက္ေနရာ သီးသန႔္ေလးက အစေပါ့ေနာ္။ အကုန္ေကာင္းတယ္ဗ်ာ။ အကုန္လုံးထဲမွာမွ အေရွ႕ဆုံးမွာထားၿပီးေတာ့ ဦးစားေပးခံထားရတာ အဲဒါေလးတစ္ခုေတာ့ ဝမ္းသာပါတယ္’’ လို႔ သူကဆိုပါတယ္။

ပိုင္တံခြန္ဟာ ေမာ္ဒယ္အလုပ္မွာေအာင္ျမင္သလို၊ သ႐ုပ္ေဆာင္အလုပ္မွာလည္း တျဖည္းျဖည္းနဲ႔ ႐ိုက္ကူးေရးေတြမ်ားလာတဲ့ ပိုင္တံခြန္က ဂီတဘက္ ကိုလည္း ဝါသနာပါတာေၾကာင့္ သူ႔ရဲ႕ တစ္ကိုယ္ေတာ္ Mini Album ေလးျဖစ္တဲ့ ခ်စ္သူ ဆိုတဲ့ ေတးစီးရီးကိုလည္း ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ၁၆ ရက္ေန႔ က ထြက္ရွိခဲ့ပါေသးတယ္။

CRD-Cele Yatkwat

UNICODE

အောင်မြင်လာတဲ့အပေါ် ဘဝမေ့သွားမှာ မဟုတ်ဘူးဆိုတဲ့ ပိုင်တံခွန်

ပိုင်တံခွန်က ထိုင်းနိုင်ငံကို သွားတဲ့အချိန်မှာ အရာရာဦးစားပေးခံရလို့ ဝမ်းသာပီတိဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီလို အောင်မြင်ခဲ့လို့လည်း ဘဝမေ့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံရဲ့ အနုပညာလောကမှာပါ အောင်မြင်နေပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဒီလို အောင်မြင်လာတဲ့အပေါ်မှာလည်း ဘဝမေ့သွားမှာ မဟုတ်ဘူးလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့်ပြောပြလာပါတယ်။

‘’ အောက်ခြေလွတ်သွားမယ့်လူထဲမှာတော့ မပါပါဘူးခင်ဗျ။ ဒါပေမယ့် အခြေအနေ အချိန်အခါအလိုက် ကိုယ့်ရဲ့ တန်ဖိုးကိုတော့ မြင်သွားရတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က တစ်ချိန်က သူတောင်းစားတစ်ယောက်ဖြစ်ခဲ့မယ်၊ အခုချိန်မှာ ကိုယ်က သူဌေးတစ်ယောက်ဖြစ်နေမယ်။ သူဌေးဖြစ်တဲ့အချိန်မှာ တောင်းစားတုန်းက အခြေအနေမျိုးကို ပြန်ပြီးနေထိုင်လို့မရတော့ဘူး။ သူ့အဆင့်အတန်း၊ သူ့အပြောအဆို၊ သူ့အနေအထိုင်က အစ အကုန်ပြောင်းလဲရတယ်။ ဒါကို ဘဝမေ့သွားတယ်လို့တော့ ပြောလို့မရဘူးပေါ့’’ လို့ သူကဆိုပါတယ်။

ထိုင်းနိုင်ငံက ပရိသတ်တွေက ပိုင်တံခွန်ကို အသားမဲလို့ ချစ်ကြတာလို့လည်း ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပြန်ပါသေးတယ်။‘’ ကျွန်တော်က အခု ထိုင်းမင်းသားမဖြစ်သေးပါဘူး။ အခုက ကုလားမင်းသားဖြစ်နေတာ။ ထိုင်းနိုင်ငံကို သွားတော့ ကျွန်တော် သူတို့ကို မေးကြည့်တယ်။ ကျွန်တော့်ကို ဘာလို့သဘောကျတာလဲပေါ့။ အသားမဲလို့ကြိုက်တာတဲ့။ နင်သာဖြူရင် နင့်ကို ဘယ်သူမှမကြိုက်ဘူးတဲ့ပြောတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါသေးတယ်။

ပိုင်တံခွန်က ထိုင်းနိုင်ငံကို သွားတဲ့ အချိန်မှာ စိတ်ချမ်းသာစရာတွေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဦးစားပေးကြလွန်းလို့လည်း ဝမ်းသာတယ်လို့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက မှောင်တိုက်ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။‘’သူတို့နိုင်ငံရောက်တုန်းကဆိုရင် သူများတွေထက် အရမ်းဦးစားပေးခံခဲ့ရတယ်။ ဥပမာ စားသောက်ဆိုင်ထဲသွားမယ်ဆိုရင်တောင်မှ ကိုယ့်အတွက်နေရာ သီးသန့်လေးက အစပေါ့နော်။ အကုန်ကောင်းတယ်ဗျာ။ အကုန်လုံးထဲမှာမှ အရှေ့ဆုံးမှာထားပြီးတော့ ဦးစားပေးခံထားရတာ အဲဒါလေးတစ်ခုတော့ ဝမ်းသာပါတယ်’’ လို့ သူကဆိုပါတယ်။

ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။