တြတ္ပီ ကာတြန္း စာအုပ္ထဲက အမွန္တကယ္ ရွိတဲ့ ရြာနဲ႕ လူေတြအေၾကာင္း ေျပာျပလာတဲ့ ကာတြန္းဆရာ ေဆြမင္း ရဲ႕ ဇနီး

ရယ္လည္း ရယ္ေမာ ရသလို ဦးေနွာက္ အတြက္ ရသေကာင္းမ်ားေပးနိုင္တဲ့ စာအုပ္စာေပမ်ားစြာထဲက တစ္ခု အပါအ၀င္ျဖစ္တဲ့ ျမိဳင္ရာဇာတြတ္ပီ ကာတြန္းဟာ (၁၉၉၀-၁၉၉၅) ခုနွစ္မ်ားရဲ႕ ကေလးဘ၀ ရဲ႕ ေပ်ာ္ရႊင္မႈေတြကို သိမ္းပိုက္ထားနို္င္တာပါ။ ယေန႕ အခ်ိန္ထိ လူၾကီးလူငယ္မေရြးၾကိဳက္ နွစ္သက္ရတဲ့ ကာတြန္းစာအုပ္ အမ်ိဳးအစားျဖစ္ျပီး ဒီတြတ္ပီကို ဖန္တီးခဲ့တဲ့ ကာတြန္းဆရာ ဓနုျဖဴ (ေဆြမင္း) ကေတာ့ ကြယ္လြန္ခဲ့ျပီျဖစ္ေသာ္လည္း ယေန႕အခ်ိန္ထိ သူကိုယ္တိုင္ ေရးဆြဲခဲ့တဲ့ တြတ္ပီ စာအုပ္မ်ားဟာ စာေပေလာကမွာ လူၾကိဳက္မ်ာေးနဆဲ ျဖစ္ပါတယ္။

ဆရာေဆြမင္း ကြယ္လြန္ျပီးေနာက္ ဆရာ၏ဇနီးျဖစ္သူ ေဒၚမို ့မို ့ဆန္က ဆက္လက္ တာ၀န္ယူ ထုတ္ေ၀ခဲ့ျပီး စာဖတ္ပရိသတ္ေတြ ယေန႕အခ်ိန္ထိ အျငင္းပြားေနရတဲ့ တြတ္ပီကာတြန္းဇာတ္လမ္းထဲမွာ ပါ၀င္တဲ့ ရြာနဲ႕ ဇာတ္ေကာင္ေတြဟာ အမွန္တကယ္ ရွိေၾကာင္း ကိုလည္း အန္တီ မို႕က ျပန္လည္ေျပာျပလာခဲ့ပါတယ္။ ဇာတ္လမ္းထဲမွာ အဓိက ဇာတ္ေကာင္ျဖစ္ေပမဲ့ အမွန္တကယ္ မရွိတာကေတာ့ ျမိဳင္ရာဇာ တြတ္ပီ နဲ႕မ ေသးမွ်င္ တို႕ စံုတြဲျဖစ္ျပီး တကယ္လက္ေတြ႕ ဘ၀မွာ တကယ္ရွိတဲ့ အျခားေသာ ဇာတ္ေကာင္ေတြကေတာ့ လူပ်ိဳၾကီး ဗိုက္ကေလး အျဖစ္ ပန္းခ်ီ ခိုင္ျမင့္ေမာင္ ၊ လူပ်ိဳၾကီး ေစာတင္ေမာင္ အျဖစ္ ပန္းခ်ီ ေစာတင္ ေမာင္ ၊ အာနိုး လွမိုး အျဖစ္ ကိုဘိုဘိုထြန္း ၊ ေက်ာင္းဆရာေလး ကိုၾကည္နိုင္ ဟာလည္း တကယ့္အျပင္မွာ ေက်ာင္းဆရာတစ္ေယာက္ ျဖစ္သလို

သူၾကီး ဘစီကေတာ့ ဆရာ ေဆြမင္းရဲ႕ အဘိုးအရင္း ကို ဇာတ္ေကာင္တည္ထားတာျဖစ္ျပီး ေငြရွင္ေၾကးရွင္ အတီး ကလည္း အမွန္တကယ္ အျပင္မွာ လူပ်ိဳၾကီး အျဖစ္ အေမရိက မွာေနထိုင္တဲ့ အေၾကာင္း ျပည္႕ျပည္႕စံုစံု ခုလို ေျပာျပခဲ့ပါတယ္။ တြတ္ပီ ကာတြန္းဇာတ္လမ္းထဲက ၾကံဳတိုင္းရြာကေတာ့ ဓနုျဖဴသြားတဲ့ လမ္းမွာ အမွန္တကယ္ရွိတဲ့ ၾကံဳပိုင္းရြာကို နာမည္အနည္းငယ္ေျပာင္းကာ အသံုးျပဳထားတာ ျဖစ္ျပီး ျမိဳင္သာရြာဟာလည္း အမွန္တကယ္ ရွိသလို ကုန္းေဘာင္ရြာကေတာ့ ရန္ကုန္မွာ ေနခဲ့တဲ့ လမ္းနာမည္ကို ယူသံုးကာ ဇာတ္လမ္းတည္ထားတာျဖစ္ပါတယ္။

လူၾကိဳက္မ်ားလွတဲ့ ျမိဳင္ရာဇာ တြတ္ပီ ကာတြန္းဇာတ္လမ္းကို ျမန္မာရုပ္ရွင္ ထုတ္လုပ္ေရးေတြေတာ္ေတာ္မ်ားမ်ား မ်က္စိက်ကာ ရုပ္ရွင္ အေနနဲ႕ ၀ယ္ယူ ရိုက္ကူးခဲ့ၾကေသာ္လည္း ရုပ္ရွင္ ကားေပါင္း (၅) ကားရိုက္ကူးခဲ့ျပီးေနာက္ ရုပ္ရွင္ရဲ႕ အရည္အေသြးနဲ႕ ရိုက္ကူးမႈကို သေဘာမက်တာေၾကာင့္ စာဖတ္အရသာကို ပ်က္သြားေစမွာ စိုးရိမ္တဲ့ အတြက္ လက္ရွိမွာေတာ့ တြတ္ပီ ဇာတ္လမ္းမ်ားကို ရုပ္ရွင္ဇာတ္လမ္း အျဖစ္ ရိုက္ကူးဖို႕ ခြင့္မျပဳေတာ့ဘူးလို႕ ဆရာ ေဆြမင္း ရဲ႕ ဇနီးျဖစ္သူ အန္တီ မို႕မို႕ ဆန္က ခုလိုပဲ ဆယ္လီကမာၻရဲ႕ အင္တာဗ်ဴး မွာ ေျပာၾကားလာခဲ့တာပါ။ပရိသတ္ၾကီးထဲက ျမိဳင္ရာဇာ တြတ္ပီကို ခ်စ္နွစ္သက္ သူမ်ားအတြက္ အန္တီမို႕ရဲ႕ အင္တာဗ်ဴးေလးကို ဗဟုသုတ အလို႕ငွာ ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္…။

CRD-Cele Gabar

UNICODE

တွတ်ပီ ကာတွန်း စာအုပ်ထဲက အမှန်တကယ် ရှိတဲ့ ရွာနဲ့ လူတွေအကြောင်း ပြောပြလာတဲ့ ကာတွန်းဆရာ ဆွေမင်း ရဲ့ ဇနီး

ရယ်လည်း ရယ်မော ရသလို ဦးနှောက် အတွက် ရသကောင်းများပေးနိုင်တဲ့ စာအုပ်စာပေများစွာထဲက တစ်ခု အပါအဝင်ဖြစ်တဲ့ မြိုင်ရာဇာတွတ်ပီ ကာတွန်းဟာ (၁၉၉၀-၁၉၉၅) ခုနှစ်များရဲ့ ကလေးဘ၀ ရဲ့ ပျော်ရွှင်မှုတွေကို သိမ်းပိုက်ထားနိုင်တာပါ။ ယနေ့ အချိန်ထိ လူကြီးလူငယ်မရွေးကြိုက် နှစ်သက်ရတဲ့ ကာတွန်းစာအုပ် အမျိုးအစားဖြစ်ပြီး ဒီတွတ်ပီကို ဖန်တီးခဲ့တဲ့ ကာတွန်းဆရာ ဓနုဖြူ (ဆွေမင်း) ကတော့ ကွယ်လွန်ခဲ့ပြီဖြစ်သော်လည်း ယနေ့အချိန်ထိ သူကိုယ်တိုင် ရေးဆွဲခဲ့တဲ့ တွတ်ပီ စာအုပ်များဟာ စာပေလောကမှာ လူကြိုက်မျာေးနဆဲ ဖြစ်ပါတယ်။

ဆရာဆွေမင်း ကွယ်လွန်ပြီးနောက် ဆရာ၏ဇနီးဖြစ်သူ ဒေါ်မို့မို့ဆန်က ဆက်လက် တာဝန်ယူ ထုတ်ဝေခဲ့ပြီး စာဖတ်ပရိသတ်တွေ ယနေ့အချိန်ထိ အငြင်းပွားနေရတဲ့ တွတ်ပီကာတွန်းဇာတ်လမ်းထဲမှာ ပါဝင်တဲ့ ရွာနဲ့ ဇာတ်ကောင်တွေဟာ အမှန်တကယ် ရှိကြောင်း ကိုလည်း အန်တီ မို့က ပြန်လည်ပြောပြလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ အဓိက ဇာတ်ကောင်ဖြစ်ပေမဲ့ အမှန်တကယ် မရှိတာကတော့ မြိုင်ရာဇာ တွတ်ပီ နဲ့မ သေးမျှင် တို့ စုံတွဲဖြစ်ပြီး တကယ်လက်တွေ့ ဘဝမှာ တကယ်ရှိတဲ့ အခြားသော ဇာတ်ကောင်တွေကတော့ လူပျိုကြီး ဗိုက်ကလေး အဖြစ် ပန်းချီ ခိုင်မြင့်မောင် ၊ လူပျိုကြီး စောတင်မောင် အဖြစ် ပန်းချီ စောတင် မောင် ၊ အာနိုး လှမိုး အဖြစ် ကိုဘိုဘိုထွန်း ၊ ကျောင်းဆရာလေး ကိုကြည်နိုင် ဟာလည်း တကယ့်အပြင်မှာ ကျောင်းဆရာတစ်ယောက် ဖြစ်သလို

သူကြီး ဘစီကတော့ ဆရာ ဆွေမင်းရဲ့ အဘိုးအရင်း ကို ဇာတ်ကောင်တည်ထားတာဖြစ်ပြီး ငွေရှင်ကြေးရှင် အတီး ကလည်း အမှန်တကယ် အပြင်မှာ လူပျိုကြီး အဖြစ် အမေရိက မှာနေထိုင်တဲ့ အကြောင်း ပြည့်ပြည့်စုံစုံ ခုလို ပြောပြခဲ့ပါတယ်။ တွတ်ပီ ကာတွန်းဇာတ်လမ်းထဲက ကြုံတိုင်းရွာကတော့ ဓနုဖြူသွားတဲ့ လမ်းမှာ အမှန်တကယ်ရှိတဲ့ ကြုံပိုင်းရွာကို နာမည်အနည်းငယ်ပြောင်းကာ အသုံးပြုထားတာ ဖြစ်ပြီး မြိုင်သာရွာဟာလည်း အမှန်တကယ် ရှိသလို ကုန်းဘောင်ရွာကတော့ ရန်ကုန်မှာ နေခဲ့တဲ့ လမ်းနာမည်ကို ယူသုံးကာ ဇာတ်လမ်းတည်ထားတာဖြစ်ပါတယ်။

လူကြိုက်များလှတဲ့ မြိုင်ရာဇာ တွတ်ပီ ကာတွန်းဇာတ်လမ်းကို မြန်မာရုပ်ရှင် ထုတ်လုပ်ရေးတွေတော်တော်များများ မျက်စိကျကာ ရုပ်ရှင် အနေနဲ့ ဝယ်ယူ ရိုက်ကူးခဲ့ကြသော်လည်း ရုပ်ရှင် ကားပေါင်း (၅) ကားရိုက်ကူးခဲ့ပြီးနောက် ရုပ်ရှင်ရဲ့ အရည်အသွေးနဲ့ ရိုက်ကူးမှုကို သဘောမကျတာကြောင့် စာဖတ်အရသာကို ပျက်သွားစေမှာ စိုးရိမ်တဲ့ အတွက် လက်ရှိမှာတော့ တွတ်ပီ ဇာတ်လမ်းများကို ရုပ်ရှင်ဇာတ်လမ်း အဖြစ် ရိုက်ကူးဖို့ ခွင့်မပြုတော့ဘူးလို့ ဆရာ ဆွေမင်း ရဲ့ ဇနီးဖြစ်သူ အန်တီ မို့မို့ ဆန်က ခုလိုပဲ ဆယ်လီကမ္ဘာရဲ့ အင်တာဗျူး မှာ ပြောကြားလာခဲ့တာပါ။ပရိသတ်ကြီးထဲက မြိုင်ရာဇာ တွတ်ပီကို ချစ်နှစ်သက် သူများအတွက် အန်တီမို့ရဲ့ အင်တာဗျူးလေးကို ဗဟုသုတ အလို့ငှာ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်…။