အရပ္ (၆) ေပ ရွိမွ ခ်စ္သူအျဖစ္ လက္ခံနိုင္မယ္ လို႕ဆိုလာတဲ့ မၾကီးစန္း

အနုပညာေလာက မွာ မရွိမျဖစ္ နဲ႕ အေရးပါလွတဲ့ ပညာတစ္ခုကေတာ့ မိတ္ကပ္ျပဳျပင္ျခင္း ပညာရပ္ ျဖစ္သလို အနုပညာေလာက မွာ ဆရာတစ္ဆူအျဖစ္ ရပ္တည္ေနဖို႕ အတြက္လည္း တကယ္ကို အရည္အခ်င္း ရွိမွ ရပ္တည္နိုင္တာပါ။ ျမန္မာနိုင္ငံရဲ႕ အနုပညာေလာက နဲ႕ မိတ္ကပ္ေလာက မွာေတာ့ မသိသူ မရွိေလာက္ နာမည္ရျပီးသား မိတ္ကပ္ပညာရွင္ ျဖစ္တဲ့ ခင္စန္း၀င္းေခၚ မၾကီးစန္းကေတာ့ တပည္႕တပန္းေပါမ်ားလွသလို လူခ်စ္လူခင္ေပါမ်ားသူ တစ္ဦးလည္းျဖစ္ပါတယ္။

သူမရဲ႕ ရပ္တည္မႈအတြက္ အမွတ္တရ ေလးတစ္ခုျဖစ္ေအာင္ သူမလိုပဲ ထိပ္တန္း မိတ္ကပ္ပညာရွင္အျဖစ္ နာမည္ရေနျပီးသားျဖစ္တဲ့ မိတ္ကပ္ လင္းလင္း ၊ မိတ္ကပ္ မထက္ (pop soul) နဲ႕ ညီညီေမာင္ (စမ္းေခ်ာင္း) ေခၚ သုသု တို႕ ပါ၀င္ကာ ရုပ္ရွင္ေလးတစ္ခုရိုက္ကူးဖို႕ ကမ္းလွမ္းခံခဲ့ရျပီး “က်ားက်ားၾကိဳက္ၾကိဳက္” လို႕ အမည္ရတဲ့ ဒီရုပ္ရွင္ကားၾကီးကို လာမည္႕ ၾသဂုတ္လ() ရက္ေန႕မွာ ရံုတင္ျပသေတာ့မွာျဖစ္ပါတယ္။

မိတ္ကပ္လိမ္းစားရတဲ့ မိတ္ကပ္ဆရာေတြဆိုေပမဲ့ ထပ္ငွားလာရင္ မင္းသမီးလုပ္ဖို႕ရွိတယ္ လို႕ မၾကီးစန္းက ဆိုလာခဲ့ျပီး ဇာတ္ကားထဲမွာ အတူတူသရုပ္ေဆာင္ခဲ့ရတဲ့ မင္းသား ျမင့္ျမတ္၊ မင္းေမာ္ကြန္းတို႕ ထက္ သူမရဲ႕ အျပင္က ထားခဲ့ဖူးတဲ့ ခ်စ္သူ မင္းသားေတြက ပိုေခ်ာတယ္ လို႕ လည္း ဆိုလာခဲ့ပါတယ္။ မၾကီးစန္းရဲ႕ ခ်စ္သူ ျဖစ္လာဖို႕ အရပ္ အနည္းဆံုး (၆) ေပ ရွိလာမွ ာျဖစ္သလို “မၾကီးက အရပ္တိုေတာ့ အရပ္ရွည္တဲ့သူ ကိုၾကိဳက္တယ္။

မၾကီးက အသားညိဳေတာ့ အသားျဖဴတဲ့သူကို ၾကိဳက္တယ္။ ေနာက္တကိုယ္ေရသန္႕ရွင္းမႈ ရွိရမယ္။ ေယာက်္ားပီသရမယ္။ အဓိက အေရးၾကီးတာကေတာ့ စိတ္ဓာတ္ေပါ့ ” လို႕လည္း သူမ လိုခ်င္တဲ့ ခ်စ္သူ ပံုစံကို ခုလိုပဲ ေျပာျပလာခဲ့တာမို႕ ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

Source:CeleGabar Exclusive,CRD_Khin Mi Mi@CeleGabar

UNICODE

အရပ် (၆) ပေ ရှိမှ ချစ်သူအဖြစ် လက်ခံနိုင်မယ် လို့ဆိုလာတဲ့ မကြီးစန်း

အနုပညာလောက မှာ မရှိမဖြစ် နဲ့ အရေးပါလှတဲ့ ပညာတစ်ခုကတော့ မိတ်ကပ်ပြုပြင်ခြင်း ပညာရပ် ဖြစ်သလို အနုပညာလောက မှာ ဆရာတစ်ဆူအဖြစ် ရပ်တည်နေဖို့ အတွက်လည်း တကယ်ကို အရည်အချင်း ရှိမှ ရပ်တည်နိုင်တာပါ။ မြန်မာနိုင်ငံရဲ့ အနုပညာလောက နဲ့ မိတ်ကပ်လောက မှာတော့ မသိသူ မရှိလောက် နာမည်ရပြီးသား မိတ်ကပ်ပညာရှင် ဖြစ်တဲ့ ခင်စန်းဝင်းခေါ် မကြီးစန်းကတော့ တပည့်တပန်းပေါများလှသလို လူချစ်လူခင်ပေါများသူ တစ်ဦးလည်းဖြစ်ပါတယ်။

သူမရဲ့ ရပ်တည်မှုအတွက် အမှတ်တရ လေးတစ်ခုဖြစ်အောင် သူမလိုပဲ ထိပ်တန်း မိတ်ကပ်ပညာရှင်အဖြစ် နာမည်ရနေပြီးသားဖြစ်တဲ့ မိတ်ကပ် လင်းလင်း ၊ မိတ်ကပ် မထက် (pop soul) နဲ့ ညီညီမောင် (စမ်းချောင်း) ခေါ် သုသု တို့ ပါဝင်ကာ ရုပ်ရှင်လေးတစ်ခုရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရပြီး “ကျားကျားကြိုက်ကြိုက်” လို့ အမည်ရတဲ့ ဒီရုပ်ရှင်ကားကြီးကို လာမည့် သြဂုတ်လ() ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

မိတ်ကပ်လိမ်းစားရတဲ့ မိတ်ကပ်ဆရာတွေဆိုပေမဲ့ ထပ်ငှားလာရင် မင်းသမီးလုပ်ဖို့ရှိတယ် လို့ မကြီးစန်းက ဆိုလာခဲ့ပြီး ဇာတ်ကားထဲမှာ အတူတူသရုပ်ဆောင်ခဲ့ရတဲ့ မင်းသား မြင့်မြတ်၊ မင်းမော်ကွန်းတို့ ထက် သူမရဲ့ အပြင်က ထားခဲ့ဖူးတဲ့ ချစ်သူ မင်းသားတွေက ပိုချောတယ် လို့ လည်း ဆိုလာခဲ့ပါတယ်။ မကြီးစန်းရဲ့ ချစ်သူ ဖြစ်လာဖို့ အရပ် အနည်းဆုံး (၆) ပေ ရှိလာမှ ာဖြစ်သလို “မကြီးက အရပ်တိုတော့ အရပ်ရှည်တဲ့သူ ကိုကြိုက်တယ်။ မကြီးက အသားညိုတော့ အသားဖြူတဲ့သူကို ကြိုက်တယ်။ နောက်တကိုယ်ရေသန့်ရှင်းမှု ရှိရမယ်။ ယောကျ်ားပီသရမယ်။ အဓိက အရေးကြီးတာကတော့ စိတ်ဓာတ်ပေါ့ ” လို့လည်း သူမ လိုချင်တဲ့ ချစ်သူ ပုံစံကို ခုလိုပဲ ပြောပြလာခဲ့တာမို့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။

Source:CeleGabar Exclusive,CRD_Khin Mi Mi@CeleGabar