“ဂ်င္ပါတီ” Red Carpet ရိႈးကို မိဘေတြနဲ႔ ခ်စ္သူေလးကိုပါ ေခၚျပီး ပြဲတက္ခဲ့တဲ့ ရဲရင့္ေအာင္

လူငယ္ပရိသတ္ေတြၾကားမွာ အရမ္းနာမည္ၾကီးတဲ့ အဆိုေတာ္ ရဲရင့္ေအာင္ကေတာ့ သီခ်င္းေတြနဲ႔ ပတ္သတ္ျပီး ခံစားခ်က္အျပည့္နဲ႔ ဖန္တီးတတ္တာေၾကာင့္ ေအာင္ျမင္မႈေတြ ရရွိေနတဲ့ အဆိုေတာ္တစ္ဦးပဲ ျဖစ္ပါတယ္။ အဆိုပိုင္းမွာသာမကပဲ သရုပ္ေဆာင္တစ္ဦးအေနနဲ႔ပါ ရုပ္ရွင္ေတြ ရိုက္ကူးေနရတဲ့ ရဲရင့္ေအာင္ကေတာ့ လတ္တေလာမွာ သူပါဝင္သရုပ္ေဆာင္ထားတဲ့ “ဂ်င္ပါတီ” Red Carpet ရိႈးကို “မိဘေတြနဲ႔ ခ်စ္သူေလးကိုပါ ေခၚျပီး ပြဲတက္ခဲ့တဲ့ပံုရိပ္ေတြကို လူမႈကြန္ယက္မွာ ေဝမွ်ေပးထားတာ ေတြ႔ရပါတယ္။ ရဲရင့္ေအာင္ရဲ႕ခ်စ္သူေကာင္မေလး ဧျငိမ္းျဖဴကလည္း ခ်စ္သူရဲ႕မိဘနွစ္ပါးနဲ႔အတူ ေပ်ာ္ရႊင္ၾကည္ႏူးစြာ ေတြ႔ျမင္ရတာမို႔ ပရိသတ္ေတြက သေဘာက်ေနၾကတာပါ။

ခ်စ္ပရိသတ္ေတြအတြက္ အရမ္းကို ၾကည္ႏူးဖို႔ေကာင္းတဲ့ ရဲရင့္ေအာင္တို႔ မိသားစုေလးရဲ႕ပြဲတက္ပံုရိပ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ရဲရင့္ေအာင္ကေတာ့ “မေန႔ညက “ဂ်င္ပါတီ” Red Carpet” ဆိုျပီး ခ်စ္သူရယ္၊ မိဘေတြရယ္ကိုေခၚျပီး ပြဲတက္ခဲ့တဲ့ ပံုရိပ္ေတြကို ေဖ့စ္ဘုတ္မွာ ေဝမွ်ေပးထားတာပါ။ အဆိုေတာ္တစ္ဦးနဲ႔ ေအာင္ျမင္မႈေတြ ရရွိထားတဲ့ ရဲရင့္ေအာင္ကေတာ့ မိဘကို သိတတ္တဲ့ သားလိမၼာေလးတစ္ဦးဆိုရင္လည္း မမွားပါဘူးေနာ္။

ရဲရင့္ေအာင္ရဲ႕ မိဘနွစ္ပါးနဲ႔အတူ ရင္းရင္းနွီးနွီး ခ်စ္ခ်စ္ခင္ခင္ ေတြ႔ျမင္ရတဲ့ ဧျငိမ္းျဖဴ…။ခ်စ္သူသက္တမ္း (၃) နီးပါးရွိျပီျဖစ္တဲ့ ရဲရင့္ေအာင္နဲ႔ ဧျငိမ္းျဖဴတို႔ ခ်စ္သူနွစ္ဦးကေတာ့ တစ္ဦးကိုတစ္ဦး နားလည္မႈေတြအျပည့္ေပးျပီး ျပီးျပည့္စံုတဲ့ အခ်စ္ေရးတစ္ခုကို ပံုေဖာ္ထားတာပဲ ျဖစ္ပါတယ္။

အဆိုေတာ္ ရဲရင့္ေအာင္ကေတာ့ လက္ရွိမွာ သီခ်င္းသစ္ေတြ ဆက္တိုက္ျပဳလုပ္ျဖစ္ေနျပီး၊ ပရိသတ္ေတြကို အသစ္အသစ္ေသာ အႏုပညာေတြ ခ်ျပဖို႔ ၾကိဳးစားေနတာပါ။ ရဲရင့္ေအာင္ကေတာ့ အဆိုေတာ္တစ္ဦးအေနနဲ႔သာမကပဲ သရုပ္ေဆာင္ပိုင္းမွာလည္း ထူးခ်ြန္တယ္ဆိုတာ သူပါဝင္သရုပ္ေဆာင္ထားတဲ့ ‘ငါ့ကိုနမ္းတဲ့ မုန္တိုင္း” ရုပ္ရွင္နဲ႔ ‘ဂ်င္ပါတီ” ရုပ္ရွင္တို႔မွာ ေတြ႔ႏိုင္ပါတယ္။ခ်စ္ပရိသတ္ေတြလည္း မိဘနွစ္ပါးနဲ႔ ခ်စ္သူေလးကိုပါေခၚျပီး ပြဲတက္ခဲ့တဲ့ ရဲရင့္ေအာင္ရဲ႕ပံုရိပ္ေလးကို သေဘာက်ရင္ Share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။

CRD-Momolay

UNICODE

“ဂျင်ပါတီ” Red Carpet ရှိုးကို မိဘတွေနဲ့ ချစ်သူလေးကိုပါ ခေါ်ပြီး ပွဲတက်ခဲ့တဲ့ ရဲရင့်အောင်

လူငယ်ပရိသတ်တွေကြားမှာ အရမ်းနာမည်ကြီးတဲ့ အဆိုတော် ရဲရင့်အောင်ကတော့ သီချင်းတွေနဲ့ ပတ်သတ်ပြီး ခံစားချက်အပြည့်နဲ့ ဖန်တီးတတ်တာကြောင့် အောင်မြင်မှုတွေ ရရှိနေတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ အဆိုပိုင်းမှာသာမကပဲ သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ ရုပ်ရှင်တွေ ရိုက်ကူးနေရတဲ့ ရဲရင့်အောင်ကတော့ လတ်တလောမှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ “ဂျင်ပါတီ” Red Carpet ရှိုးကို “မိဘတွေနဲ့ ချစ်သူလေးကိုပါ ခေါ်ပြီး ပွဲတက်ခဲ့တဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ရဲရင့်အောင်ရဲ့ချစ်သူကောင်မလေး ဧငြိမ်းဖြူကလည်း ချစ်သူရဲ့မိဘနှစ်ပါးနဲ့အတူ ပျော်ရွှင်ကြည်နူးစွာ တွေ့မြင်ရတာမို့ ပရိသတ်တွေက သဘောကျနေကြတာပါ။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ရဲရင့်အောင်တို့ မိသားစုလေးရဲ့ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ရဲရင့်အောင်ကတော့ “မနေ့ညက “ဂျင်ပါတီ” Red Carpet” ဆိုပြီး ချစ်သူရယ်၊ မိဘတွေရယ်ကိုခေါ်ပြီး ပွဲတက်ခဲ့တဲ့ ပုံရိပ်တွေကို ဖေ့စ်ဘုတ်မှာ ဝေမျှပေးထားတာပါ။ အဆိုတော်တစ်ဦးနဲ့ အောင်မြင်မှုတွေ ရရှိထားတဲ့ ရဲရင့်အောင်ကတော့ မိဘကို သိတတ်တဲ့ သားလိမ္မာလေးတစ်ဦးဆိုရင်လည်း မမှားပါဘူးနော်။

ရဲရင့်အောင်ရဲ့ မိဘနှစ်ပါးနဲ့အတူ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် တွေ့မြင်ရတဲ့ ဧငြိမ်းဖြူ…။ချစ်သူသက်တမ်း (၃) နီးပါးရှိပြီဖြစ်တဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ ချစ်သူနှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး နားလည်မှုတွေအပြည့်ပေးပြီး ပြီးပြည့်စုံတဲ့ အချစ်ရေးတစ်ခုကို ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

အဆိုတော် ရဲရင့်အောင်ကတော့ လက်ရှိမှာ သီချင်းသစ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး၊ ပရိသတ်တွေကို အသစ်အသစ်သော အနုပညာတွေ ချပြဖို့ ကြိုးစားနေတာပါ။ ရဲရင့်အောင်ကတော့ အဆိုတော်တစ်ဦးအနေနဲ့သာမကပဲ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တယ်ဆိုတာ သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်နဲ့ ‘ဂျင်ပါတီ” ရုပ်ရှင်တို့မှာ တွေ့နိုင်ပါတယ်။ချစ်ပရိသတ်တွေလည်း မိဘနှစ်ပါးနဲ့ ချစ်သူလေးကိုပါခေါ်ပြီး ပွဲတက်ခဲ့တဲ့ ရဲရင့်အောင်ရဲ့ပုံရိပ်လေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။