


Video ကြည့်ရန်

တွန်ကော်ရွာ,CRD_Shwe Phee Myay News Journal

UNICODE

ကျောင်းသူကျောင်းသားတွေနှင့် မိဘတွေပါ ငိုခဲ့ကြရတဲ့ တောင်ပေါ်ဒေသက ဆရာလေးရဲ့ နှုတ်ဆက်ချိန်

သံယောဇဉ်နှောင်ကြိုးတွေနဲ့အတူ လမ်းခွဲသွားရတဲ့ ကျောင်းဆရာနဲ့ ကျောင်းသူ၊ ကျောင်းသားများနမ့်ခမ်းမြို့နယ် တွန်ကော်ကျေးရွာမှာ (၅)နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ဆရာချစ်မိုးနိုင်နဲ့ ကျောင်းသားတွေဟာ ဒီနှစ်မှာတော့ လမ်းခွဲလိုက်ရပါပြီ။

စာအသင်အပြ ကောင်းသလို ဆက်ဆံရေးလည်း ကောင်းမွန်တဲ့ ဒီကျောင်းဆရာအပေါ် ကျောင်းသားတင်မကဘဲ တစ်ရွာလုံးက သံယောဇဉ်တွေ တွယ်တာခဲ့ကြတာပါ။အခုတော့ ကျောင်းဆရာလေး ပြောင်းရွှေ့ရချိန်မှာ ဒီကျောင်းဆရာနဲ့ သူတို့တွေ လမ်းခွဲလိုက်ရလို့ ကျောင်းသားတင်မက ရွာသူ၊ ရွာသားတွေကပါ ဝမ်းနည်းငိုကြွေးခဲ့ရပါတယ်။အကြောင်းစုံကို ရွှေဖီမြေသတင်းထောက် မိုင်းအနိုင်က ရိုက်ကူး တင်ဆက်ပေးထားပါတယ်။

Loading...