မ်က္စိျပန္ျမင္ရတာ လူ႔ျပည္ကို ဒုတိယအႀကိမ္ျပန္ေရာက္ရသလိုပဲ ဆိုတဲ့ ဦးမန္းဝင္း

အသံၾသၾသနဲ႔ တခ်ိန္က အၿငိမ့္ပြဲေတြ အၿငိမ့္ေခြေတြမွာ ပရိသတ္ေတြကို ဟာဒယရႊင္ေဆးတိုက္ေကၽြးခဲ့တဲ့ ဝါရင့္လူရႊင္ေတာ္ႀကီး ဦးမန္းဝင္းကို အားလံုးပဲမွတ္မိၾကဦးမယ္ထင္ပါတယ္။ သူရဲ႕က်န္းမာေရး မေကာင္းမြန္မႈေၾကာင့္ အႏုပညာလုပ္ငန္းေတြကို ေဝးကြာေနခဲ့တာကိုလည္း အားလံုးသတိထားမိမွာပါ ။ အသက္ရြယ္ႀကီးရင့္လာမႈရယ္ က်န္းမာေရး ခ်ိဳ႕တဲ့မႈရယ္ေၾကာင့္ ခ်စ္တဲ့အႏုပညာအလုပ္ေတြကို မလုပ္ႏိုင္ဘဲေဝးကြာေနရတဲ့ ဦးမန္းဝင္းရဲ႕ မ်က္စိအျမင္အာရံုအတြက္ ခြဲစိပ္ကုသဖို႔ကိုမင္းသားႀကီး အကယ္ဒမီ ရဲေအာင္က စားရိတ္ခံကုသေပးခဲ့တယ္ဆိုတာကိုလည္း မိတ္ေဆြတို႔ အြန္လိုင္းစာမ်က္ႏွာေတြေပၚမွာေတြ႔ျမင္ၿပီးျဖစ္မယ္ထင္ပါတယ္။ အခု ဦးမန္းဝင္းရယ္ အျမင္အာ႐ံုေတြဟာခြဲစိမ္မႈေအာင္ျမင္ၿပီး ျပန္လည္ေကာင္းမြန္လာၿပီျဖစ္ပါတယ္။အခုလိုျပန္လည္ေကာင္းမြန္လာတဲ့ အေပၚက ခံစားခ်က္ေတြကို ဦးမန္းဝင္းက Myanmar Celebrity နဲ႔ အင္တာဗ်ဴးမွာ ေျပာျပသြားတာေတြရိွပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကို မိတ္ေဆြတို႔ သိရေအာင္ ျပန္ေျပာျပေပးလုိက္ပါတယ္။

ဦးမန္းဝင္းက “ မ်က္စိျမင္ခ်င္တယ္လို႔ ေျဖထားတဲ့ အင္တာဗ်ဴးကို ဆရာဝန္ႀကီးက ျမင္သြားတယ္ထင္ပါတယ္ ။ျမင္သြားေတာ့ ဆရာမႀကီး မမ်ိဳးကို ဦးမန္းဝင္းမ်က္စိ လုပ္ေပးခ်င္တယ္ေပါ့ ဆက္သြယ္ေပးစမ္းဆိုၿပီး ဆရာဝန္ႀကီးဆက္သြယ္ခိုင္းေတာ့ မမ်ိဳးက ကိုရဲေအာင္ကို အေၾကာင္းၾကားတယ္ ။ ကိုရဲေအာင္က ဘယ္ကိုသြားလဲဆိုေတာ့ အဲ့ဒီမွာ ကိုဇင္ဝိုင္းဆီကိုသြားၿပီးေတာ့ ဖုန္းနံပါတ္ေတြေတာင္းၿပီးေတာ့ ဦးမန္းဆီအေၾကာင္းၾကား အဲ့ဒီေန႔ပဲ ဆရာဝန္ႀကီးနဲ႔ေတြ႕တယ္ တစ္ရက္ပဲၾကာတယ္ေနာက္ေန႔ ေသာၾကာေန႔ခြဲမယ္ဆိုၿပီး ၾကားထဲမွာလိုက္ရွာတယ္ ။

ေသာၾကာေန႔ခြဲမယ္ဆိုၿပီးခြဲမယ္ဆိုၿ့ပီး ခြဲလိုက္တာပဲ သမီး ။ စေနနက်ေတာ့ ခြဲၿပီးခ်က္ခ်င္း ျပန္လႊတ္လိုက္တယ္ေနာ္ ။ အိမ္မွာေအးေဆးအနားယူ ဘာမွမပူနဲ႔ စေနတနဂၤေႏြက်ေတာ့ မ်က္စိက ကိုယ့္ျမင္ခ်င္တာေလးေတြ အကုန္ျမင္ေနတယ္ ဝမ္းသာတယ္ေလ ဆရာဝန္ႀကီးကို ကန္ေတာ့လည္း ကန္ေတာ့ ဝမ္းသာလိုက္တာ ငါ့မ်က္စိျပန္ေကာင္းလာၿပီ ခ်စ္ပရိသတ္ကိုလည္း ျပန္ေဖ်ာ္ေျဖရေတာ့မယ္ ကိုယ့္ရဲ႕အသက္သခင္ေက်းဇူး႐ွင္ေတြကိုလည္း ျမင္ရေတာ့မယ္ ေတြ႔ရေတာ့မယ္ဆိုၿပီး ဝမ္းသာတာေပါ့သမီးရယ္ ။

မျမင္ရတာ ဘယ္ႏွစ္ႏွစ္ေလာက္ရိွၿပီလဲဆိုေတာ့ ႏွစ္ႏွစ္သံုးႏွစ္ေလာက္ရိွၿပီလို႔ထင္တယ္ ။ ေျမးေလး ေမြးကာစအူဝဲေလးတုန္းက ျမင္ရေသးတယ္ ။ ဦးမန္း က သႏၷိ႒ာန္ခ်ထားၿပီးသားေလ ငါေသတဲ့အထိ ဒီအကုန္းႀကီးနဲ႔႔ပဲေသရေတာ့မွာပါလားလို႔ တြက္ထားတဲ့အတြက္ေၾကာင့္ ခြဲစိတ္တာကို မေၾကာက္ေတာ့ဘူး ။ ဘာျဖစ္လို႔မေၾကာက္လဲဆိုေတာ့ မ်က္စိျပန္လင္းမယ္ဆိုတဲ့အတြက္ ဝမ္းသာတာ မေၾကာက္ေတာ့ဘူး ။ ဆရာဝန္ႀကီးနဲ႔ေတြတဲ့ေန႔ ကဖ်ားေနတာ ဆရာဝန္ႀကီးက ဦးမန္းကို ေတြ႔ရတာ မလန္းဘူးတဲ့ ဦးမန္းရယ္ ဦးမန္းက ေနာက္တစ္ပတ္မွ ခြဲမယ္ ေနာက္တလမွခြဲမယ္ျဖစ္မွာစိုးလို႔ ေနေကာင္းခ်င္ေယာင္ေဆာင္ၿပီးခြဲလာခဲ့တာ ။ မေၾကာက္ဘူး ကိုယ့္က အကန္းဘဝနဲ႔ေနရမွာေလ ျပန္ေကာင္းေအာင္လုပ္ေပးမယ္ဆိုေတာ့ မေၾကာက္ပါဘူး။ ဘယ္လိုခံစားရသလဲဆိုေတာ့ လူ႔ျပည္ကို ဒုတိယအႀကိမ္ျပန္ေရာက္လာသလိုပါပဲ ။ ဝမ္းလည္းဝမ္းသာသူတယ္ ေနာက္ၿပီးေတာ့ ဦးမန္းနဲ႔ ကြဲကြာေနတဲ့ သူငယ္ခ်င္းေတြေရာ အႏုပညာ႐ွင္ညီအစ္ကိုေမာင္ႏွမေတြကိုေရာျပန္ေတြ႔ရမယ္ဆိုေတာ့ ဝမ္းသာတာေပါ့” ဆိုၿပီး စကၡဳအလင္းျပန္လည္ရလာတဲ့အေပၚခံစားခ်က္ေတြကို ေျပာျပသြားပါတယ္ ။

CRD-NAnmalgyi

Unicode

မျက်စိပြန်မြင်ရတာ လူ့ပြည်ကို ဒုတိယအကြိမ်ပြန်ရောက်ရသလိုပဲ ဆိုတဲ့ ဦးမန်းဝင်း

အသံသြသြနဲ့ တချိန်က အငြိမ့်ပွဲတွေ အငြိမ့်ခွေတွေမှာ ပရိသတ်တွေကို ဟာဒယရွှင်ဆေးတိုက်ကျွေးခဲ့တဲ့ ဝါရင့်လူရွှင်တော်ကြီး ဦးမန်းဝင်းကို အားလုံးပဲမှတ်မိကြဦးမယ်ထင်ပါတယ်။ သူရဲ့ကျန်းမာရေး မကောင်းမွန်မှုကြောင့် အနုပညာလုပ်ငန်းတွေကို ဝေးကွာနေခဲ့တာကိုလည်း အားလုံးသတိထားမိမှာပါ ။ အသက်ရွယ်ကြီးရင့်လာမှုရယ် ကျန်းမာရေး ချို့တဲ့မှုရယ်ကြောင့် ချစ်တဲ့အနုပညာအလုပ်တွေကို မလုပ်နိုင်ဘဲဝေးကွာနေရတဲ့ ဦးမန်းဝင်းရဲ့ မျက်စိအမြင်အာရုံအတွက် ခွဲစိပ်ကုသဖို့ကိုမင်းသားကြီး အကယ်ဒမီ ရဲအောင်က စားရိတ်ခံကုသပေးခဲ့တယ်ဆိုတာကိုလည်း မိတ်ဆွေတို့ အွန်လိုင်းစာမျက်နှာတွေပေါ်မှာတွေ့မြင်ပြီးဖြစ်မယ်ထင်ပါတယ်။ အခု ဦးမန်းဝင်းရယ် အမြင်အာရုံတွေဟာခွဲစိမ်မှုအောင်မြင်ပြီး ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။အခုလိုပြန်လည်ကောင်းမွန်လာတဲ့ အပေါ်က ခံစားချက်တွေကို ဦးမန်းဝင်းက Myanmar Celebrity နဲ့ အင်တာဗျူးမှာ ပြောပြသွားတာတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို မိတ်ဆွေတို့ သိရအောင် ပြန်ပြောပြပေးလိုက်ပါတယ်။

ဦးမန်းဝင်းက “ မျက်စိမြင်ချင်တယ်လို့ ဖြေထားတဲ့ အင်တာဗျူးကို ဆရာဝန်ကြီးက မြင်သွားတယ်ထင်ပါတယ် ။မြင်သွားတော့ ဆရာမကြီး မမျိုးကို ဦးမန်းဝင်းမျက်စိ လုပ်ပေးချင်တယ်ပေါ့ ဆက်သွယ်ပေးစမ်းဆိုပြီး ဆရာဝန်ကြီးဆက်သွယ်ခိုင်းတော့ မမျိုးက ကိုရဲအောင်ကို အကြောင်းကြားတယ် ။ ကိုရဲအောင်က ဘယ်ကိုသွားလဲဆိုတော့ အဲ့ဒီမှာ ကိုဇင်ဝိုင်းဆီကိုသွားပြီးတော့ ဖုန်းနံပါတ်တွေတောင်းပြီးတော့ ဦးမန်းဆီအကြောင်းကြား အဲ့ဒီနေ့ပဲ ဆရာဝန်ကြီးနဲ့တွေ့တယ် တစ်ရက်ပဲကြာတယ်နောက်နေ့ သောကြာနေ့ခွဲမယ်ဆိုပြီး ကြားထဲမှာလိုက်ရှာတယ် ။ သောကြာနေ့ခွဲမယ်ဆိုပြီးခွဲမယ်ဆိုြ့ပီး ခွဲလိုက်တာပဲ သမီး ။ စနေနကျတော့ ခွဲပြီးချက်ချင်း ပြန်လွှတ်လိုက်တယ်နော် ။ အိမ်မှာအေးဆေးအနားယူ ဘာမှမပူနဲ့ စနေတနင်္ဂနွေကျတော့ မျက်စိက ကိုယ့်မြင်ချင်တာလေးတွေ အကုန်မြင်နေတယ် ဝမ်းသာတယ်လေ ဆရာဝန်ကြီးကို ကန်တော့လည်း ကန်တော့ ဝမ်းသာလိုက်တာ ငါ့မျက်စိပြန်ကောင်းလာပြီ ချစ်ပရိသတ်ကိုလည်း ပြန်ဖျော်ဖြေရတော့မယ် ကိုယ့်ရဲ့အသက်သခင်ကျေးဇူးရှင်တွေကိုလည်း မြင်ရတော့မယ် တွေ့ရတော့မယ်ဆိုပြီး ဝမ်းသာတာပေါ့သမီးရယ် ။

မမြင်ရတာ ဘယ်နှစ်နှစ်လောက်ရှိပြီလဲဆိုတော့ နှစ်နှစ်သုံးနှစ်လောက်ရှိပြီလို့ထင်တယ် ။ မြေးလေး မွေးကာစအူဝဲလေးတုန်းက မြင်ရသေးတယ် ။ ဦးမန်း က သန္နိဋ္ဌာန်ချထားပြီးသားလေ ငါသေတဲ့အထိ ဒီအကုန်းကြီးနဲ့ပဲသေရတော့မှာပါလားလို့ တွက်ထားတဲ့အတွက်ကြောင့် ခွဲစိတ်တာကို မကြောက်တော့ဘူး ။ ဘာဖြစ်လို့မကြောက်လဲဆိုတော့ မျက်စိပြန်လင်းမယ်ဆိုတဲ့အတွက် ဝမ်းသာတာ မကြောက်တော့ဘူး ။ ဆရာဝန်ကြီးနဲ့တွေတဲ့နေ့ ကဖျားနေတာ ဆရာဝန်ကြီးက ဦးမန်းကို တွေ့ရတာ မလန်းဘူးတဲ့ ဦးမန်းရယ် ဦးမန်းက နောက်တစ်ပတ်မှ ခွဲမယ် နောက်တလမှခွဲမယ်ဖြစ်မှာစိုးလို့ နေကောင်းချင်ယောင်ဆောင်ပြီးခွဲလာခဲ့တာ ။ မကြောက်ဘူး ကိုယ့်က အကန်းဘဝနဲ့နေရမှာလေ ပြန်ကောင်းအောင်လုပ်ပေးမယ်ဆိုတော့ မကြောက်ပါဘူး။ ဘယ်လိုခံစားရသလဲဆိုတော့ လူ့ပြည်ကို ဒုတိယအကြိမ်ပြန်ရောက်လာသလိုပါပဲ ။ ဝမ်းလည်းဝမ်းသာသူတယ် နောက်ပြီးတော့ ဦးမန်းနဲ့ ကွဲကွာနေတဲ့ သူငယ်ချင်းတွေရော အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကိုရောပြန်တွေ့ရမယ်ဆိုတော့ ဝမ်းသာတာပေါ့” ဆိုပြီး စက္ခုအလင်းပြန်လည်ရလာတဲ့အပေါ်ခံစားချက်တွေကို ပြောပြသွားပါတယ် ။