ေရေဘးသင့္ျပည္သူေတြအတြက္ (၂၁)သိန္းေက်ာ္တန္ဖိုးရွိတဲ့ ဆန္အိတ္(၁၀၀)ကို လာေရာက္လႉဒါန္းသြားခဲ့တဲ့ ေဒါင္း

ႏႈတ္ခမ္းနီမေလးေတြရဲ႕အသည္းႏွလုံးကို အပိုင္စားရရွိထားသူေလးကေတာ့ သ႐ုပ္ေဆာင္ မင္းသားေခ်ာေလး ေဒါင္းပဲ ျဖစ္ပါတယ္။ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္အျဖစ္ အားေပးဝန္းရံျခင္းခံေနရတဲ့ ေဒါင္းက ညိဳ႕အားျပင္းတဲ့ မ်က္ဝန္းအၾကည့္ေတြနဲ႔ ဖမ္းစားတတ္သူလည္း ျဖစ္ပါတယ္။ ေယာက္်ားပီသၿပီး ဆြဲေဆာင္မႈအျပည့္ရွိတဲ့ ကိုလူေခ်ာေလးတစ္ဦးျဖစ္တဲ့ ေဒါင္းက အခ်ိန္ခဏေလးအတြင္းမွာတင္ နာမည္ႀကီးေအာင္ျမင္လာခဲ့တာပဲ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေကာင္းတဲ့ ေဒါင္းက အခုဆိုရင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တိုက္႐ိုက္ကူးၿပီး ပရိသတ္ေတြၾကားမွာ ေရပန္းစားလူႀကိဳက္မ်ားေနတာ ျဖစ္ပါတယ္။ ႐ုပ္ရည္ေလးက ေခ်ာေမာခန႔္ညားသေလာက္ စိတ္ထားလည္းေကာင္းတဲ့ ေဒါင္းက အလႉအတန္းနဲ႔ပတ္သက္ရင္လည္း လက္မေႏွးတတ္သူလို႔ ဆိုႏိုင္ပါတယ္။ အခုလည္း ေဒါင္းက ေရေဘးဒုကၡကို ခံစားေနရတဲ့ျပည္သူေတြအတြက္ အလႉေငြႏွစ္ဆယ့္တစ္သိန္းႏွစ္ေသာင္းက်ပ္တန္ဖိုးရွိတဲ့ ဆန္အိတ္ (၁၀၀)ကို နာေရးကူညီမႈအသင္း ဥကၠ႒ျဖစ္တဲ့ ဦးေက်ာ္သူဆီမွာ သြားေရာက္လႉဒါန္းခဲ့ပါတယ္။

ဒါေၾကာင့္ ေက်ာ္သူကလည္း ” ေဒါင္း ရဲ႕ ေရေဘးသင့္ျပည္သူလူထုအတြက္ တန္ဖိုးေငြ(၂၁၂၀၀၀၀-)ႏွစ္ဆယ္တစ္သိန္းႏွစ္ေသာင္းက်ပ္ တန္ဖိုးရွိ ဆန္အိတ္(၁၀၀) အားလာေရာက္လႉဒါန္းခဲ့ပါသည္။ လႉဒါန္းမႈအစုစုအတြက္ သက္ရွည္က်န္းမာ ေသာကကင္းေဝးၿငိမ္းခ်မ္းသာယာဝေျပာပါေစသား။ ” ဆိုၿပီး တင္ထားတာ ျဖစ္ပါတယ္။ ေရေဘးသင့္ျပည္သူေတြအတြက္ လက္မေႏွးဘဲ သဒၶါတရားထက္သန္စြာ လႉဒါန္းကူညီေပးတဲ့ ေဒါင္းရဲ႕စိတ္ထားေလးကေတာ့ အင္မတန္မြန္ျမတ္လွတာ ေတြ႕ရပါတယ္။

Source:Kyaw Thu,CRD-Myanmarload

UNICODE

ရေဘေးသင့်ပြည်သူတွေအတွက် (၂၁)သိန်းကျော်တန်ဖိုးရှိတဲ့ ဆန်အိတ်(၁၀၀)ကို လာရောက်လှူဒါန်းသွားခဲ့တဲ့ ဒေါင်း

နှုတ်ခမ်းနီမလေးတွေရဲ့အသည်းနှလုံးကို အပိုင်စားရရှိထားသူလေးကတော့ သရုပ်ဆောင် မင်းသားချောလေး ဒေါင်းပဲ ဖြစ်ပါတယ်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ် အားပေးဝန်းရံခြင်းခံနေရတဲ့ ဒေါင်းက ညို့အားပြင်းတဲ့ မျက်ဝန်းအကြည့်တွေနဲ့ ဖမ်းစားတတ်သူလည်း ဖြစ်ပါတယ်။ ယောက်ျားပီသပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကိုလူချောလေးတစ်ဦးဖြစ်တဲ့ ဒေါင်းက အချိန်ခဏလေးအတွင်းမှာတင် နာမည်ကြီးအောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်ကောင်းတဲ့ ဒေါင်းက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးပြီး ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များနေတာ ဖြစ်ပါတယ်။ ရုပ်ရည်လေးက ချောမောခန့်ညားသလောက် စိတ်ထားလည်းကောင်းတဲ့ ဒေါင်းက အလှူအတန်းနဲ့ပတ်သက်ရင်လည်း လက်မနှေးတတ်သူလို့ ဆိုနိုင်ပါတယ်။ အခုလည်း ဒေါင်းက ရေဘေးဒုက္ခကို ခံစားနေရတဲ့ပြည်သူတွေအတွက် အလှူငွေနှစ်ဆယ့်တစ်သိန်းနှစ်သောင်းကျပ်တန်ဖိုးရှိတဲ့ ဆန်အိတ် (၁၀၀)ကို နာရေးကူညီမှုအသင်း ဥက္ကဋ္ဌဖြစ်တဲ့ ဦးကျော်သူဆီမှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဒါကြောင့် ကျော်သူကလည်း ” ဒေါင်း ရဲ့ ရေဘေးသင့်ပြည်သူလူထုအတွက် တန်ဖိုးငွေ(၂၁၂၀၀၀၀-)နှစ်ဆယ်တစ်သိန်းနှစ်သောင်းကျပ် တန်ဖိုးရှိ ဆန်အိတ်(၁၀၀) အားလာရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုအစုစုအတွက် သက်ရှည်ကျန်းမာ သောကကင်းဝေးငြိမ်းချမ်းသာယာဝပြောပါစေသား။ ” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် လက်မနှေးဘဲ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကူညီပေးတဲ့ ဒေါင်းရဲ့စိတ်ထားလေးကတော့ အင်မတန်မွန်မြတ်လှတာ တွေ့ရပါတယ်။