



Source :Athen Cho Swe,CRD-Cele Gabar

UNICODE

” Ivyလေးရဲ့ We Love Group ရှိသည်ကို တွေ့ကာ အံ့သြခဲ့ရတဲ့ မေမေအေသင်ချိုဆွေ “

အေသင်ချိုဆွေကတော့ ဆယ်ကျော်သက်လောက်တည်းက ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ သီချင်းတွေထဲက အဆိုရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့အဆိုရှင်တစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ်တွေချစ်ခင်အားပေးခံခဲ့ရတာပဲ ဖြစ်ပါတယ် ။နှစ်အနည်းငယ်လောက်အနုပညာအလုပ်တွေမလုပ်ပဲပျောက်ကွယ်သွားပေမယ့် Single Mother အဖြစ်ရဲရဲဝံ့ဝံ့ ပရိသတ်တွေရှေ့ ပြန်ရောက်လာခဲ့ပြီး အနုပညာအလုပ်တွေကိုကြိုးကြိုးစားစားပြန်လုပ်နေတာပဲ ဖြစ်ပါတယ်။

သြဂုတ်လ(၁)ရက်နေ့ကတော့ အေသင်ရဲ့(၂၆)နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ပရိသတ်တွေ မိတ်ဆွေတွေ များစွာ ရှိခဲ့တာပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းလွန်းတဲ့ သမီးလေး Ivy ကိုပိုင်ဆိုင်ထားပြီး ပရိသတ်တွေကလည်း သည်းသည်းလှုပ်ချစ်ပေးကြတာပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ Ivyလေးဟာ KGကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ချစ်စရာကောင်းလှတဲ့ ဟန်ပန်အမူအရာလေးတွေကို မေမေအေသင်က အလှပုံရိပ်လေးတွေအပြင် ဗီဒီယိုလေးတွေလည်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဝေမျှပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။

ယနေ့မှာတော့ မေမေအေသင်ဟာ Ivyလေးရဲ့ We Love Groupရှိသည် တွေ့ကာ အံ့သြခဲ့ရတဲ့ အကြောင်းကို” အယ်မယ် ဗီးဗီး က we love group တွေဘာတွေနဲ့နော်။ အခုမှတွေ့လို့ ဝင်Join လိုက်ရပါတယ် ဟီးဟီး..ဗီးဗီး ရဲ့ ကျောင်းက Teacher တွေလုပ်ပေးထားတာဗီးဗီးရဲ့ အက်တီဘက်တီ များ ဝင်ကြည့်လို့ရပါကြောင်း” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Ivyလေးကိုချစ်ရင် Ivyလေးရဲ့ We Love Group ကို Joinဖို့ တိုက်တွန်းလိုက်ပါတယ်နော်။