





CRD-Momolay

UNICODE

မြန်မာရာဇဝင်ထဲက မင်းသားနဲ့ မင်းသမီးလေးအဖြစ် တွေ့မြင်ရတဲ့ ငြိမ်းသော်နဲ့ မေမြင့်မိုရ်

ပရိသတ်တွေချစ်တဲ့ နာမည်ကြီး မင်းသားနဲ့ မင်းသမီးဖြစ်တဲ့ ငြိမ်းသော်နဲ့ မေမြင့်မိုရ်က တူညီတဲ့ အနုပညာလောကမှာ အောင်မြင်မှု အသီးသီး ရရှိနေတာပဲ ဖြစ်ပါတယ်။ ငြိမ်းသော်နဲ့ မေမြင့်မိုရ်က အနုပညာလုပ်ငန်းတွေကို တွဲဖက်ပြီး လုပ်ကိုင်တာကို သိပ်မတွေ့ရပါဘူး။ ဒီနေ့မှာတော့ ငြိမ်းသော်နဲ့ မေမြင့်မိုရ်တို့ နှစ်ယောက်ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ငြိမ်းသော်နဲ့ မေမြင့်မိုရ်တို့ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ငြိမ်းသော်နဲ့ မေမြင့်မိုရ်တို့ နှစ်ဦးက ဒီဇိုင်နာကောင်းမြတ်ရဲ့ ဝတ်စုံလေးတွေနဲ့ မြန်မာဆန်ဆန် လှပနေကြတာကို တွေ့ရပါတယ်။ ငြိမ်းသော်ကိုတော့ မြန်မာရာဇဝင်ထဲက မင်းသားလေး အဖြစ် ခန့်ခန့်ညားညားတွေ့ မြင်ရပါတယ်။

မေမြင့်မိုရ်ကိုတော့ “မြင်နေကျပုံစံထဲက ကွဲထွက်ပြီး မြန်မာနိုင်ငံနဲ့ ယဉ်ကျေးမှုချင်းနီးစပ်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှ မင်းသမီးလေးတစ်ပါးအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ငြိမ်းသော်နဲ့ မေမြင့်မိုရ်ကတော့ ကြော်ငြာဓာတ်ပုံတွေကို အတူတူ ရိုက်ကူးလေ့ရှိပေမယ့် ရုပ်ရှင် ဗီဒီယိုတွေ ရိုက်ကူးတာတော့ မရှိသလောက် နည်းတာကို တွေ့ရပါတယ်။

ငြိမ်းသော်နဲ့ မေမြင့်မိုရ်တို့ကတော့ မြန်မာဆန်ဆန် နန်းဆန်ဆန်နဲ့ လိုက်ဖက်ညီနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ငြိမ်းသော်နဲ့ မေမြင့်မိုရ်တို့ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။