အခ်စ္ေဟာင္း ဆိုတာ လမ္းမွာေတြ႕ရင္ လာႏႈတ္ဆက္မွာေတာင္ စိုးရိမ္ရတ့ဲရင္ခုန္သံ ျဖစ္သြားၿပီဆိုတဲ့ ျမတ္ေကသီေအာင္

ႏိုင္ငံေက်ာ္ ရုပ္ရွင္သရုပ္ေဆာင္ အကယ္ဒမီ ျမတ္ေကသီေအာင္ ဟာဆိုရင္ ပရိသတ္ေတြ ခ်စ္ခင္အားေပးရတဲ့ ဝါရင့္သရုပ္ေဆာင္ တစ္ဦးပါ။ သူမ သရုပ္ေဆာင္ ရိုက္ကူးခဲ့တဲ့ ဇာတ္ကားမ်ားစြာ ရွိၿပီး ခုအခ်ိန္ထိ ငယ္ရြယ္ႏုပ်ိဴ ေနတဲ့ သူမကို ခ်စ္ခင္အားေပးတဲ့ ပရိသတ္အခိုင္အမာရွိေနတာပဲ ျဖစ္ပါတယ္။ တစ္ခါမွာေတာ့ပရိသတ္ေတြအတြက္ ျမတ္ေကသီေအာင္ က အခ်စ္ေဟာင္း အေၾကာင္းေျပာထားတာေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ျမတ္ေကသီေအာင္ က လက္ရွိမွာ စားေသာက္ဆိုင္ တစ္ဆိုင္နဲ႔ ေနာက္ထပ္ Coffee Lu Gallery ဆိုင္ ေလးကို ဖြင့္ထားတယ္လို႔သိရပါတယ္။ အႏုပညာလႈပ္ရွားမႈေတြ မရွိေတာ့ေပမယ့္ ကိုယ္ပိုင္စီးပြားေရး လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

ဒီတစ္ခါမွာေတာ့ ျမတ္ေကသီေအာင္ က အခ်စ္ေဟာင္း ဆိုတာ လမ္းမွာေတြ႕ရင္ လာႏႈတ္ဆက္မွာေတာင္ စိုးရိမ္ရတ့ဲရင္ခုန္သံ ျဖစ္သြားၿပီဆိုၿပီး အခ်စ္ေဟာင္းအေၾကာင္းကို ခုလိုေျပာထားပါတယ္။

ျမတ္ေကသီေအာင္က ” အခ်စ္ေဟာင္း… တခ်ိန္က သဲသဲလႈပ္ခ်စ္ျပခ့ဲတ့ဲသူ ခုေတာ့မျမင္ဖူးတဲ့ လူေတြေပါ့.။ကိုယ္မရွိရင္ မေနတတ္ပါဘူးလို႔ ေျပာဖူးေပမ့ဲလည္း ကိုယ္မဟုတ္တဲ့သူတေယာက္နဲ႔ ေပ်ာ္ေနတတ္သြားၿပီ.။ကိုယ့္အျပဳံးေတြ ေတြ႕တိုင္းရင္ခုန္တတ္ခဲ့တဲ့နွလုးံခုန္သံဟာ ေနာက္ပိုင္းမွာ ကိုယ့္ျမင္ရင္ လာမ်ားနႈတ္ဆက္ရင္ဒုကၡဆိုတ့ဲ စိုးရိမ္တ့ဲနွလုးံခုန္သံျဖစ္သြားၿပီ.။သူငယ္ခ်င္းေတြၾကားမွာ ကိုယ့္ခ်စ္သူေလလို႕ အၿမဲဂုဏ္ယူတတ္ခဲ့တ့ဲသူ႕ရဲ့ ႂကြားလုးံေတြက ခုေတာ့ျမင္ရင္ေခၚရမွာဆိုးလို႔ ေက်ာေပးရပ္ေနတတ္ၿပီ.။

“ကိုယ့္နားမွာရွိတုန္းက အခ်ြဲအညုေျပာတတ္ခ့ဲတ့ဲ သူဟာ မထင္မွတ္ပဲျပန္ဆုံခ်ိန္မွာေတာ့ ေက်ာင္းတုန္းက တပည့္တေယာက္ကိုေတြ႕လို႔ ေျပာသလိုေလသံျပတ္နဲ႔ေျပာတတ္ေနၿပီ.။မင္းကလြဲရင္ ကိုယ္အသက္ရွင္ေနသမ်ွ ဘယ္မိန္းမမွ ခ်စ္မိမွာမဟုတ္ဘူးဆိုတုန္းကသိပ္ခ်စ္တတ္တဲ့သူပါလားလို႔ အမွတ္ေတြအမ်ားႀကီးေပးမိတ့ဲကိုယ္ဟာသူငယ္ခ်င္းေတြမိတ္ဆက္ေပးတ့ဲ မိန္းမတိုင္းသူစိတ္ဝင္စားေနတာမသိခဲ့ျပန္ဘူး.။ မင္းကိုမွမရရင္ ကိုယ္တသက္လုးံ မိန္းမမယူပဲ အေဝးကေနပဲခ်စ္ေနပါရေစဆိုတဲ့စကားေၾကာင့္ သူ႔ကို ကိုယ္အၿမဲစိတ္ပူေနခ့ဲေပမ့ဲ ေပ်ာ္ရွြင္စြာ မိသားစုဘဝေလးနဲ႔ လမ္းေလ်ာက္လာတဲ့ သူ႔ကိုျမင္လိုက္ရတဲ့အခါမွာေတာ့..။ေအာ္…….အခ်စ္ေဟာင္းဆိုတာ ပလီစိေျခာက္ခ်က္ မဟုတ္မဟတ္ေတြလည္းေျပာတတ္ပါလားလို႔ ေတြးရင္…….ခပ္မ့ဲမ့ဲေလးျပဳးံမိျပန္တယ္.” ဆိုၿပီးေျပာထားပါတယ္။

ျမတ္ေကသီေအာင္ ရဲ႕ အခ်စ္ေဟာင္း အေၾကာင္းေျပာထားတဲ့ အေၾကာင္းကို ပရိသတ္ေတြသိရေလာက္ၿပီ ထင္ပါတယ္။ ၾကည့္ရူေပးၾကတဲ့ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္။

CRD-Momolay

UNICODE

အချစ်ဟောင်း ဆိုတာ လမ်းမှာတွေ့ရင် လာနှုတ်ဆက်မှာတောင် စိုးရိမ်ရတဲ့ရင်ခုန်သံ ဖြစ်သွားပြီဆိုတဲ့ မြတ်ကေသီအောင်

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးပါ။ သူမ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာ ရှိပြီး ခုအချိန်ထိ ငယ်ရွယ်နုပျိူ နေတဲ့ သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရှိနေတာပဲ ဖြစ်ပါတယ်။ တစ်ခါမှာတော့ပရိသတ်တွေအတွက် မြတ်ကေသီအောင် က အချစ်ဟောင်း အကြောင်းပြောထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ မြတ်ကေသီအောင် က လက်ရှိမှာ စားသောက်ဆိုင် တစ်ဆိုင်နဲ့ နောက်ထပ် Coffee Lu Gallery ဆိုင် လေးကို ဖွင့်ထားတယ်လို့သိရပါတယ်။ အနုပညာလှုပ်ရှားမှုတွေ မရှိတော့ပေမယ့် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ မြတ်ကေသီအောင် က အချစ်ဟောင်း ဆိုတာ လမ်းမှာတွေ့ရင် လာနှုတ်ဆက်မှာတောင် စိုးရိမ်ရတဲ့ရင်ခုန်သံ ဖြစ်သွားပြီဆိုပြီး အချစ်ဟောင်းအကြောင်းကို ခုလိုပြောထားပါတယ်။

မြတ်ကေသီအောင်က ” အချစ်ဟောင်း… တချိန်က သဲသဲလှုပ်ချစ်ပြခဲ့တဲ့သူ ခုတော့မမြင်ဖူးတဲ့ လူတွေပေါ့.။ကိုယ်မရှိရင် မနေတတ်ပါဘူးလို့ ပြောဖူးပေမဲ့လည်း ကိုယ်မဟုတ်တဲ့သူတယောက်နဲ့ ပျော်နေတတ်သွားပြီ.။ကိုယ့်အပြုံးတွေ တွေ့တိုင်းရင်ခုန်တတ်ခဲ့တဲ့နှလုးံခုန်သံဟာ နောက်ပိုင်းမှာ ကိုယ့်မြင်ရင် လာများနှုတ်ဆက်ရင်ဒုက္ခဆိုတဲ့ စိုးရိမ်တဲ့နှလုးံခုန်သံဖြစ်သွားပြီ.။သူငယ်ချင်းတွေကြားမှာ ကိုယ့်ချစ်သူလေလို့ အမြဲဂုဏ်ယူတတ်ခဲ့တဲ့သူ့ရဲ့ ကြွားလုးံတွေက ခုတော့မြင်ရင်ခေါ်ရမှာဆိုးလို့ ကျောပေးရပ်နေတတ်ပြီ.။

“ကိုယ့်နားမှာရှိတုန်းက အချွဲအညုပြောတတ်ခဲ့တဲ့ သူဟာ မထင်မှတ်ပဲပြန်ဆုံချိန်မှာတော့ ကျောင်းတုန်းက တပည့်တယောက်ကိုတွေ့လို့ ပြောသလိုလေသံပြတ်နဲ့ပြောတတ်နေပြီ.။မင်းကလွဲရင် ကိုယ်အသက်ရှင်နေသမျှ ဘယ်မိန်းမမှ ချစ်မိမှာမဟုတ်ဘူးဆိုတုန်းကသိပ်ချစ်တတ်တဲ့သူပါလားလို့ အမှတ်တွေအများကြီးပေးမိတဲ့ကိုယ်ဟာသူငယ်ချင်းတွေမိတ်ဆက်ပေးတဲ့ မိန်းမတိုင်းသူစိတ်ဝင်စားနေတာမသိခဲ့ပြန်ဘူး.။ မင်းကိုမှမရရင် ကိုယ်တသက်လုးံ မိန်းမမယူပဲ အဝေးကနေပဲချစ်နေပါရစေဆိုတဲ့စကားကြောင့် သူ့ကို ကိုယ်အမြဲစိတ်ပူနေခဲ့ပေမဲ့ ပျော်ရွှင်စွာ မိသားစုဘဝလေးနဲ့ လမ်းလျောက်လာတဲ့ သူ့ကိုမြင်လိုက်ရတဲ့အခါမှာတော့..။အော်…….အချစ်ဟောင်းဆိုတာ ပလီစိခြောက်ချက် မဟုတ်မဟတ်တွေလည်းပြောတတ်ပါလားလို့ တွေးရင်…….ခပ်မဲ့မဲ့လေးပြုးံမိပြန်တယ်.” ဆိုပြီးပြောထားပါတယ်။

မြတ်ကေသီအောင် ရဲ့ အချစ်ဟောင်း အကြောင်းပြောထားတဲ့ အကြောင်းကို ပရိသတ်တွေသိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။