



Photo – Sandi Myit Lwin and Thidar Khin,CRD-Myanmarload

UNICODE

မေမေစန္ဒီမြင့်လွင် ရေချိုးပေးနေတာကိုငြိမ်ငြိမ်လေးနေပြီးသဘောတွေကျနေတဲ့ Treasure လေး

သမီးလေးမွေးပြီးနောက်ပိုင်း ပိုပိုလှလာသူလေးကတော့ အဆိုတော်စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ ဒီးဒီကတော့ မကြာသေးခင်က သမီးလေးTreasure ကို အောင်မြင်စွာနဲ့ မွေးဖွားထားတာပဲ ဖြစ်ပါတယ်။ သမီးလေးကတော့ အဖေတူ၊အမေတူ အချောလေးပဲဖြစ်ပြီး အားလုံးက ဝိုင်းချစ်နေရတာပါ။ သမီးလေးဟာ မကြာသေးခင်ကပဲ တစ်လပြည့်သွားပြီပဲ ဖြစ်ပါတယ်။

ခင်ပွန်းသည်ရဲ့ လိုလေးသေးမရှိအောင် ပြုစုစောင့်ရှောက်မှုတွေကြောင့်လည်း ဒီးဒီရဲ့ နေ့ရက်တိုင်းဟာ ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ ဒီးဒီဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုများကို ခေတ္တအနားယူထားတာပဲဖြစ်ပြီး သမီးလေးကို ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ သမီးလေးဟာလည်း တစ်နေ့ထက်တစ်နေ့ ချစ်စရာကောင်းလာပြီး ပရိသတ်တွေကလည်း သမီးလေးရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး ချစ်မဝဖြစ်နေတာပါ။

သမီးလေးရဲ့ ပုံရိပ်လေးတွေကိုလည်း ဝေမျှလေ့ရှိပြီး အခုတစ်ခေါက်မှာလည်း Treasure တစ်ယောက် မေမေရေချိုးပေးနေတာကို ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ဝေမျှထားတာပဲဖြစ်ပါတယ်။ ဒီးဒီဟာ သမီးလေးကို မိခင်နို့ရည်တစ်မျိုးတည်းသာ တိုက်ကျွေးတဲ့အတွက် ကလေးဟာတစ်နေ့ထက်တစ်နေ့ ကျန်းမာသန်စွမ်းနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် Treasure လေးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။