အမႈစစ္တာေတာင္ရပ္ခဲ့ရတဲ့ အစၥဏီရဲ႕ က်န္းမာေရးအေျခအေန

အစၥဏီဟာ ဒီေန႔(ၾသဂုတ္လ ၁၆)ရက္ေန႔ ႐ုံးခ်ိန္းမွာ အမႈစစ္ေဆးေနရင္း အသက္ရႈရအခက္အခဲေတြျဖစ္လာတာေၾကာင့္ စစ္ေဆးမႈကို ရပ္နားခဲ့တယ္လို႔ သိရပါတယ္။ သူဟာ အခုလက္ရွိ အင္းစိန္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနတယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေနဦးေက်ာ္ဇင္ဦးက ေျပာပါတယ္။

ရည္းစားေဟာင္းကို အဓမၼက်င့္ႏွိပ္စက္မႈနဲ႔ တရားစြဲဆိုခဲ့ထားရတဲ့ အဆိုေတာ္ အစၥဏီကို ဒီေန႔(ၾသဂုတ္လ၁၆ရက္)မွာ တာေမြတရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။ အမႈစစ္ေဆးေနခ်ိန္မွာပဲ အစၥဏီရဲ႕ က်န္းမာေရးအေျခအေနအရ အသက္ရႈရတာေမာလာတဲ့အတြက္ စစ္ေဆးမႈကို ရပ္နားလိုက္ရတယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ဇင္ဦးကေျပာပါတယ္။

‘’ ဒီေန႔က ပုံမွန္အတိုင္း အမႈစစ္တယ္။ အာမခံေတာ့ မေလွ်ာက္ေတာ့ဘူး။ အမႈစစ္ေနရင္းနဲ႔ အစၥဏီက အသက္ရႈရတာ ေမာလာတဲ့အတြက္ စစ္ေဆးမႈကို နားခဲ့တယ္။ ေနာက္တပတ္ ေသာၾကာေန႔ျပန္ခ်ိန္းတယ္။ အခုေလာေလာလတ္လတ္က က်န္းမာေရးမေကာင္းဘူး။ အစတုန္းက အားကစားလုပ္ခဲ့တဲ့ ဒဏ္ေၾကာင့္ ဒူးေခါင္းကအ႐ြတ္ေတြက ဒဏ္ျဖစ္ေနတယ္။ အဲဒါေၾကာင့္ က်န္းမာေရးသိပ္မေကာင္းဘူး’’ လို႔ ဆိုပါတယ္။

အစၥဏီဟာ လက္ရွိ က်န္းမာေရးအေျခအေနေၾကာင့္ အင္းစိန္ေဆး႐ုံမွာ ေဆးကုသမႈခံယူေနရတယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ဇင္ဦးက ဆက္လက္ ေျပာျပလာပါတယ္။

 

အစၥဏီရဲ႕ ေနာက္ထပ္႐ုံးခ်ိန္းကို ၾသဂုတ္လ(၁၆) ရက္ေန႔ကို ထပ္မံခ်ိန္းဆိုလိုက္ပါတယ္။ အဆိုေတာ္အစၥဏီကို တာေမြၿမိဳ႕မရဲစခန္းကေန (ပ) ၃၆၂/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ္းမႈ၊ တုံးေသာ လက္နက္ျဖင့္ ျပင္းထန္နာက်င္ေစမႈ၊ ခြၽန္ေသာလက္နက္ျဖင့္ သာမန္နာက်င္ေစမႈတိုနဲ႔ အမႈဖြင့္အေရးယူခဲ့ၿပီး ေမလ ၁၀ ရက္ေန႔မွာ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။

CRD-DUWUn

UNICODE

အမှုစစ်တာတောင်ရပ်ခဲ့ရတဲ့ အစ္စဏီရဲ့ ကျန်းမာရေးအခြေအနေ

အစ္စဏီဟာ ဒီနေ့(သြဂုတ်လ ၁၆)ရက်နေ့ ရုံးချိန်းမှာ အမှုစစ်ဆေးနေရင်း အသက်ရှုရအခက်အခဲတွေဖြစ်လာတာကြောင့် စစ်ဆေးမှုကို ရပ်နားခဲ့တယ်လို့ သိရပါတယ်။ သူဟာ အခုလက်ရှိ အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ တရားလွှတ်တော်ရှေ့နေဦးကျော်ဇင်ဦးက ပြောပါတယ်။

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့(သြဂုတ်လ၁၆ရက်)မှာ တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အမှုစစ်ဆေးနေချိန်မှာပဲ အစ္စဏီရဲ့ ကျန်းမာရေးအခြေအနေအရ အသက်ရှုရတာမောလာတဲ့အတွက် စစ်ဆေးမှုကို ရပ်နားလိုက်ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးကပြောပါတယ်။

‘’ ဒီနေ့က ပုံမှန်အတိုင်း အမှုစစ်တယ်။ အာမခံတော့ မလျှောက်တော့ဘူး။ အမှုစစ်နေရင်းနဲ့ အစ္စဏီက အသက်ရှုရတာ မောလာတဲ့အတွက် စစ်ဆေးမှုကို နားခဲ့တယ်။ နောက်တပတ် သောကြာနေ့ပြန်ချိန်းတယ်။ အခုလောလောလတ်လတ်က ကျန်းမာရေးမကောင်းဘူး။ အစတုန်းက အားကစားလုပ်ခဲ့တဲ့ ဒဏ်ကြောင့် ဒူးခေါင်းကအရွတ်တွေက ဒဏ်ဖြစ်နေတယ်။ အဲဒါကြောင့် ကျန်းမာရေးသိပ်မကောင်းဘူး’’ လို့ ဆိုပါတယ်။

အစ္စဏီဟာ လက်ရှိ ကျန်းမာရေးအခြေအနေကြောင့် အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ဆက်လက် ပြောပြလာပါတယ်။

‘’ အသက်ရှုလမ်းကြောင်းမကောင်းဘူး။ အခုချိန်မှာတော့ အင်းစိန်ဆေးရုံမှာပဲ ဆေးကုသမှုတွေ ဆောင်ရွက်နေတယ်။ ကျန်းမာရေးကတော့ ကောင်းလာလိုက် ဆိုးသွားလိုက်ဖြစ်နေတယ်။ ကျန်းမာရေးအရ စိုးရိမ်တဲ့အတွက် ဆေးခွင့်တွေဘာတွေ ယူဖို့တော့ရှိတယ်။ အခုချိန်မှာတော့ အမှုကို ဆက်လက် စစ်ဆေးသွားဖို့ပဲရှိပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၁၆ ရက်နေ့က ရုံးချိန်းကို ရောက်လာရင်း ဖြေဆိုခဲ့တာပါ။

တရားခံ အစ္စဏီကို တရားလိုဘက်က သြဂုတ်လ(၅) ရက်နေ့က အမှုကျေအေးလွှာမှာ လက်မှတ်ရေးထိုးပေးခဲ့တာ ဖြစ်ပါတယ်။တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်က သူဆွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ကျေအေးလွှာမှာ လက်မှတ်ထိုးထားပေမယ့်လည်း ဥပဒေအရ အဆင့်ဆင့် ဆောင်ရွက်ရမှာတွေ ပြီးဆုံးမယ့် အချိန်အတိအကျ မသိနိုင်ဘူးလို့ ရှေ့နေက ဆက်လက်ပြောပြခဲ့ပါတယ်။

အစ္စဏီရဲ့ နောက်ထပ်ရုံးချိန်းကို သြဂုတ်လ(၁၆) ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။ အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။