



Source: Sein Nan Daw,CRD-Myanmarload

UNICODE

ကြည့်မိသူတိုင်းရင်ခုန်အချစ်ပိုသွားစေလောက်အောင် ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ ချစ်သုဝေရဲ့ အမိုက်စား ဗီဒီယိုဖိုင်လေး

သရုပ်ဆောင်ချစ်သုဝေကတော့ပရိသတ်အချစ်တော်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ချက်အမျိုးမျိုးကို ပိုင်နိုင်ကျွမ်းကျင်စွာသရုပ်ဆောင်နိုင်တဲ့စွယ်စုံရ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာမိသားစုဘဝလေးတွေထဲမှာ ပရိသတ်အားကျနေရပြီး ပျော်ရွှင်စရာဘဝလေးကို တည်ဆောက်ထားတဲ့ လင်းလင်းနှင့် ချစ်သုဝေတို့မိသားစုဘဝလေးကိုတော့ အားလုံးလေးစားအားကျမိမယ်ထင်ပါတယ်။

ချစ်စရာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကို မွေးဖွားထားပြီး ပရိသတ်တွေကြားရေပန်းစားမိသားစုတစ်စုလေးပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ချစ်သုဝေဟာ ပန်းရောင် ဂါဝန်လေး နဲ့ မြင်သူတိုင်းငေးမော မှင်သက်ရလောက်အောင် ချစ်ဖို့ကောင်းလွန်းတဲ့ ဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာဆွဲဆောင်မှုရှိရှိနဲ့ နုပျိုပြီး ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်ပါတယ်။

အဆိုပိုင်းမှာလည်းပိုင်နိုင်သလို ရုပ်ရှင်ဇာတ်ကားတွေမှာလည်း အကောင်းဆုံး သရုပ်ဆောင်နိုင်သူလေးဖြစ်ပါတယ်။သီချင်းခွေတွေထွက်ရှိထားပြီး ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲအားပေးမှုကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိနောက်ဆုံးမှာ ” ကတိ ” ဆိုတဲ့ တေးစီးရီး Album လေးလည်း ထွက်ရှိထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးတွက် ချစ်သုဝေရဲ့ အမိုက်စားဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။