





CRD-Momolay

UNICODE

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင် Ice Panuwat နဲ့ ရုပ်ချင်းဆင်တယ်လို့ လူပြောများနေတဲ့ ပိုင်တံခွန်

နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က လက်ရှိမှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံးအချိန်ကို ရောက်ရှိနေတာ ဖြစ်ပြီး ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားအောင်မြင်နေသလို မြန်မာပရိသတ်တွေကလည်း သည်းသည်းလှုပ်ကြိုက်ကြတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။

မြန်မာနိုင်ငံက မင်းသားချော ပိုင်တံခွန်က ထိုင်းနိုင်ငံက နာမည်ကြီး အနုပညာရှင် Ice Panuwat နဲ့ တူတယ်လို့လူပြောများနေကြတာ ဖြစ်ပါတယ်။ပရိသတ်တွေအတွက် ပိုင်တံခွန်နဲ့ Ice Panuwat ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

ထိုင်းလူမျိုး Ice Panuwat က အသက်(၂၄) နှစ်အရွယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး မြန်မာပရိသတ်တွေ ရင်းနှီးပြီးသား မင်းသားတစ်ယောက် ဖြစ်ပါတယ်။

ပိုင်တံခွန် နဲ့ Ice Panuwat တို့ နှစ်ယောက်စလုံးက မျက်နှာကျဆင်ပြီး ဆံပင်ရှည်ထားတာလည်း တူနေတော့ ပရိသတ်တွေက ရုပ်ချင်းဆင်တယ်လို့ အပြောများနေကြတာ ဖြစ်ပါတယ်။

ပိုင်တံခွန်နဲ့ Ice Panuwat ဘယ်သူက ပိုချောလဲ ပြောခဲ့ပါဦးနော်ပိုင်တံခွန်နဲ့ Ice Panuwat တို့ကတော့ အံ့သြစရာကောင်းလောက်အောင် တော်တော်လေး ရုပ်ချင်းဆင်တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးရော ပိုင်တံခွန်နဲ့ Ice Panuwat မှာ ဘယ်သူ့ကို ပိုကြိုက်လဲ ပြောခဲ့ကြပါဦးနော်။