အေမရိကန္ေအာ္စကာဆုရဖို႔အိပ္မက္ရွိတယ္ဆိုတဲ့ မုိရီဆာကီဝင္း

အဝင္းအဝင္းနဲ႔ ပရိသတ္ေတြဝုိင္းခ်စ္ရတဲ့ မိုရီဆာကီဝင္းဟာဆိုရင္ ျမန္မာျပည္ဖြားဂ်ပန္အဆိုေတာ္ေလးတစ္ဦးျဖစ္ျပီး သရုပ္ေဆာင္အျဖစ္အနုပညာအလုပ္ေတြလည္းလုပ္ေနတဲ့ အနုုပညာရွင္ေလးတစ္ဦးျဖစ္ပါတယ္။ ျမန္မာေသြးပါတာမုို႔ ျမန္မာျပည္ကုိခ်စ္တဲ့ အဝင္းကအခုဆိုရင္ ျမန္မာနုိင္ငံမွာလည္း အလုပ္ေတြခဏခဏလာလုပ္ျပီး ယဥ္ေက်းဖြယ္ရာခ်ိဳသာတဲ့အမူအရာေလးေတြနဲ႔ ပရိသတ္ေတြရဲ႕ႏွလံုးသားကုိဖမ္းစားထားတာပါ။ မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာအဝင္းက အနုပညာနယ္ပယ္နဲ႔ပတ္သက္ျပီး သူ႔ရဲ႕အိပ္မက္ေတြအေၾကာင္းနဲ႔ ပရိသတ္ေတြသိခ်င္ေနတဲ့ အခ်စ္ေရးအေၾကာင္းကို ေျပာျပသြားပါတယ္။

အဝင္းက အိပ္မက္ေတြမိုးထားတဲ့အိမ္ဇာတ္ကားကို ေနျခည္ဦးနဲ႔ အတူရုိက္ဖို႔လက္ခံျဖစ္ခဲ့ပံုကုိ “ကြ်န္ေတာ္ကေျပာရမယ္ဆိုရင္ ျမန္မာနုိင္ငံမွာလည္းအလုပ္ေတြအရမ္းလုပ္ၾကည့္ခ်င္တယ္။ အျမဲတမ္း အရင္ကတည္းက သရုပ္ေဆာင္တာကိုအရမ္းၾကိဳက္တယ္။ ဒါေပမယ့္ ဂ်ပန္မွာလည္း schedule ကအျပည့္ပဲဆိုေတာ့ ဒါကေတာ့ အရမ္းေက်းဇူးတင္ရမယ့္ကိစၥေပါ့ေနာ္။ ေကာင္းပါတယ္။ ဒါေပမယ့္ ကြ်န္ေတာ္က မန္ေနဂ်ာကိုအျမဲေျပာတယ္။ ဒါေပမယ့္ မန္ေနဂ်ာက schedule က မလြတ္ဘူး။ ေနာက္နွစ္ေလာက္ဆိုရမယ္ ေနာက္နွစ္ေလာက္ဆိုရမယ္နဲ႔ နွစ္နွစ္သံုးနွစ္ေလာက္ျဖစ္သြားတယ္ခင္ဗ်ာ။ MNTV မွာ TV series ပထမဆံုးစရိုက္မယ္။ ဇာတ္ညြန္းကလည္း မိသားစုနဲ႔ပတ္သက္တဲ့ဇာတ္ညြန္းျဖစ္တယ္။ ကြ်န္ေတာ့္မန္ေနဂ်ာက MNTV ဆိုရင္ေတာ့ အုိုေကပဲ။ ကြ်န္ေတာ္တို႔ကုိအျမဲတမ္း back upလုပ္ေပးေနတဲ့ channel တစ္ခုျဖစ္တဲ့အတြက္၊ဇာတ္ညႊန္းကလည္းေကာင္းတယ္၊ယံုလည္းယံုၾကည္ရတယ္ခင္ဗ်ာ။ အဲဒါဆုိရင္ schedule ကုိၾကိဳးစားဖြင့္ေပးမယ္ဘာညာဆိုျပီးေတာ့ ဒီ series ကုိရိုက္ဖို႔ျဖစ္လာခဲ့ပါတယ္ခင္ဗ်ာ”လို႔ ေျပာျပထားပါတယ္။

ပါဝင္သရုပ္ေဆာင္ရမယ့္ကာရိုက္တာကိုေတာ့ အဝင္းက “ဇာတ္ညြန္းက ကြ်န္ေတာ့္္ဆီမလာေသးဘူးခင္ဗ်။ကြ်န္ေတာ္ဖတ္လည္းမဖတ္ရေသးဘူး။ သူတို႔ကြ်န္ေတာ့္ကုိၾကိဳေျပာထားတာကေတာ့ အစ္မေနျခည္ဦးရဲ႕ ရည္းစားအေနနဲ႔ပါဝင္ရမယ္။ သူက ျမန္မာမွာမဟုတ္ပဲ ဂ်ပန္မွာအလုပ္သြားလုပ္မယ္။အဲဒီမွာရည္းစားနွစ္ေယာက္ကအေဝးကေနျပီးတြဲမယ္။အဲဒီမွာ အေဝးကေနျပီး ထိေတြ႕ရတဲ့ဒုကၡတို႔ဘာတို႔ အခက္အခဲတို႔ဘာတို႔ကုိ ရည္းစားနွစ္ေယာက္အေနနဲ႔၊ အေဝးကေနျပီးတြဲတဲ့ရည္းစားေတြ ျမန္မာျပည္မွာအမ်ားၾကီး ရွိတယ္ခင္ဗ်ာ။အဲလိုမ်ိဳးခံစားလို႔ရတဲ့ ဇာတ္လမ္းေလးျဖစ္မလားလို႔ ကြ်န္ေတာ္ေမွ်ာ္လင့္မိတယ္ခင္ဗ်ာ”လို႔ ေျဖၾကားထားပါတယ္။

အဝင္းက အနုပညာအလုပ္ေတြနဲ႔ပတ္သက္ျပီးသူ႔ရဲ႕ စိတ္ကူးအိပ္မက္ေတြကို “အိပ္မက္ကေတာ့ ကြ်န္ေတာ္စဥ္းစားတာအေမရိကန္ေအာ္စကာ award ေပါ့ေနာ္။ဇာတ္ကားတို႔ဘာတို႔မွာ အဲဒီမွာ Nominate လုပ္ခံရတဲ့ ဇာတ္ကားတို႔ဘာတို႔မွာ Asian တစ္ေယာက္အေနနဲ႔ကြ်န္ေတာ္ပါဝင္ဖို႔က ကြ်န္ေတာ့္ရဲ႕ Dream ျဖစ္ပါတယ္ခင္ဗ်ာ။ ရုပ္ရွင္မင္းသားတစ္ေယာက္အေနနဲ႔။ Singer တစ္ေယာက္အဆိုေတာ္တစ္ေယာက္အေနနဲ႔ေတာ့ ကြ်န္ေတာ္ Asian Tour အရမ္းလုပ္ခ်င္တယ္ခင္ဗ်ာ။ ကြ်န္ေတာ္ ျမန္မာျပည္ဖြားတစ္ေယာက္ျဖစ္ျပီးေတာ့ ဂ်ပန္ျပည္နဲ႔အလုပ္လုပ္တယ္။ ျမန္မာျပည္မွာပိုျပီးေတာ့ကြ်န္ေတာ့္သီခ်င္းေတြကုိလက္ခံေပးတဲ့ပရိသတ္ေတြမ်ားတယ္ဆုိရင္ ပတ္ဝန္းက်င္နုိင္ငံေတြကုိလည္းကြ်န္ေတာ္သြားလို႔ရတယ္။ကြ်န္ေတာ္ စိတ္ကူးယဥ္ထားတယ္ခင္ဗ်ာ။ ကြ်န္ေတာ္ Asian Tour လုပ္ဖို႔ ၾကိဳးစားေနပါတယ္ခင္ဗ်ာ”လို႔ ရင္ဖြင့္ထားပါတယ္။

အခ်စ္ေရးနဲ႔ပတ္သက္ျပီးေတာ့ ေကာင္မေလးထားဖို႔အခ်ိန္မရွိဘူးလို႔လည္း “ကြ်န္ေတာ္ ဇာတ္လမ္းတြဲလည္းရုိက္ရမယ္။ ဂ်ပန္ျပည္မွာလည္းအမ်ားၾကီးရိုက္ရမယ္ဆိုေတာ့ ဘယ္ၾကားထဲကေနခ်စ္သူဝင္လာမွာလည္းခင္ဗ်ာ။ ဝင္လာမယ့္ခ်စ္သူအတြက္လည္း schedule ကုိ မန္ေနဂ်ာဆီကေတာင္းရမယ္။ ကြ်န္ေတာ့္မန္ေနဂ်ာကိုေမးၾကည့္ပါလား၊ ခ်စ္သူအတြက္ အခ်ိန္နည္းနည္းလုပ္ေပးပါလို႔၊ ကြ်န္ေတာ္က အခ်ိန္ရွိလည္း မနက္မိုးလင္းတာနဲ႔ဒီေန႔ဘာလုပ္ရမယ္ဘာၾကိဳးစားရမယ္ဆိုတာပဲစိတ္ကေရာက္ေနတာဆိုေတာ့ ေကာင္မေလးေတြဘာေတြၾကည့္ဖို႔ကြ်န္ေတာ့္ဆီမွာအခ်ိန္ကမရွိဘူးခင္ဗ်ာ။ ဒါေပမယ့္လိုေတာ့လိုတယ္ေနာ္”လို႔ ရယ္ေမာျပီး ေျဖၾကားထားပါတယ္။

CRD-Cele family

UNICODE

အမေရိကန်အော်စကာဆုရဖို့အိပ်မက်ရှိတယ်ဆိုတဲ့ မိုရီဆာကီဝင်း

အဝင်းအဝင်းနဲ့ ပရိသတ်တွေဝိုင်းချစ်ရတဲ့ မိုရီဆာကီဝင်းဟာဆိုရင် မြန်မာပြည်ဖွားဂျပန်အဆိုတော်လေးတစ်ဦးဖြစ်ပြီး သရုပ်ဆောင်အဖြစ်အနုပညာအလုပ်တွေလည်းလုပ်နေတဲ့ အနုပညာရှင်လေးတစ်ဦးဖြစ်ပါတယ်။ မြန်မာသွေးပါတာမို့ မြန်မာပြည်ကိုချစ်တဲ့ အဝင်းကအခုဆိုရင် မြန်မာနိုင်ငံမှာလည်း အလုပ်တွေခဏခဏလာလုပ်ပြီး ယဉ်ကျေးဖွယ်ရာချိုသာတဲ့အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့နှလုံးသားကိုဖမ်းစားထားတာပါ။ မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာအဝင်းက အနုပညာနယ်ပယ်နဲ့ပတ်သက်ပြီး သူ့ရဲ့အိပ်မက်တွေအကြောင်းနဲ့ ပရိသတ်တွေသိချင်နေတဲ့ အချစ်ရေးအကြောင်းကို ပြောပြသွားပါတယ်။

အဝင်းက အိပ်မက်တွေမိုးထားတဲ့အိမ်ဇာတ်ကားကို နေခြည်ဦးနဲ့ အတူရိုက်ဖို့လက်ခံဖြစ်ခဲ့ပုံကို “ကျွန်တော်ကပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာလည်းအလုပ်တွေအရမ်းလုပ်ကြည့်ချင်တယ်။ အမြဲတမ်း အရင်ကတည်းက သရုပ်ဆောင်တာကိုအရမ်းကြိုက်တယ်။ ဒါပေမယ့် ဂျပန်မှာလည်း schedule ကအပြည့်ပဲဆိုတော့ ဒါကတော့ အရမ်းကျေးဇူးတင်ရမယ့်ကိစ္စပေါ့နော်။ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်က မန်နေဂျာကိုအမြဲပြောတယ်။ ဒါပေမယ့် မန်နေဂျာက schedule က မလွတ်ဘူး။ နောက်နှစ်လောက်ဆိုရမယ် နောက်နှစ်လောက်ဆိုရမယ်နဲ့ နှစ်နှစ်သုံးနှစ်လောက်ဖြစ်သွားတယ်ခင်ဗျာ။ MNTV မှာ TV series ပထမဆုံးစရိုက်မယ်။ ဇာတ်ညွန်းကလည်း မိသားစုနဲ့ပတ်သက်တဲ့ဇာတ်ညွန်းဖြစ်တယ်။ ကျွန်တော့်မန်နေဂျာက MNTV ဆိုရင်တော့ အိုကေပဲ။ ကျွန်တော်တို့ကိုအမြဲတမ်း back upလုပ်ပေးနေတဲ့ channel တစ်ခုဖြစ်တဲ့အတွက်၊ဇာတ်ညွှန်းကလည်းကောင်းတယ်၊ယုံလည်းယုံကြည်ရတယ်ခင်ဗျာ။ အဲဒါဆိုရင် schedule ကိုကြိုးစားဖွင့်ပေးမယ်ဘာညာဆိုပြီးတော့ ဒီ series ကိုရိုက်ဖို့ဖြစ်လာခဲ့ပါတယ်ခင်ဗျာ”လို့ ပြောပြထားပါတယ်။

ပါဝင်သရုပ်ဆောင်ရမယ့်ကာရိုက်တာကိုတော့ အဝင်းက “ဇာတ်ညွန်းက ကျွန်တော့်ဆီမလာသေးဘူးခင်ဗျ။ကျွန်တော်ဖတ်လည်းမဖတ်ရသေးဘူး။ သူတို့ကျွန်တော့်ကိုကြိုပြောထားတာကတော့ အစ်မနေခြည်ဦးရဲ့ ရည်းစားအနေနဲ့ပါဝင်ရမယ်။ သူက မြန်မာမှာမဟုတ်ပဲ ဂျပန်မှာအလုပ်သွားလုပ်မယ်။အဲဒီမှာရည်းစားနှစ်ယောက်ကအဝေးကနေပြီးတွဲမယ်။အဲဒီမှာ အဝေးကနေပြီး ထိတွေ့ရတဲ့ဒုက္ခတို့ဘာတို့ အခက်အခဲတို့ဘာတို့ကို ရည်းစားနှစ်ယောက်အနေနဲ့၊ အဝေးကနေပြီးတွဲတဲ့ရည်းစားတွေ မြန်မာပြည်မှာအများကြီး ရှိတယ်ခင်ဗျာ။အဲလိုမျိုးခံစားလို့ရတဲ့ ဇာတ်လမ်းလေးဖြစ်မလားလို့ ကျွန်တော်မျှော်လင့်မိတယ်ခင်ဗျာ”လို့ ဖြေကြားထားပါတယ်။

အဝင်းက အနုပညာအလုပ်တွေနဲ့ပတ်သက်ပြီးသူ့ရဲ့ စိတ်ကူးအိပ်မက်တွေကို “အိပ်မက်ကတော့ ကျွန်တော်စဉ်းစားတာအမေရိကန်အော်စကာ award ပေါ့နော်။ဇာတ်ကားတို့ဘာတို့မှာ အဲဒီမှာ Nominate လုပ်ခံရတဲ့ ဇာတ်ကားတို့ဘာတို့မှာ Asian တစ်ယောက်အနေနဲ့ကျွန်တော်ပါဝင်ဖို့က ကျွန်တော့်ရဲ့ Dream ဖြစ်ပါတယ်ခင်ဗျာ။ ရုပ်ရှင်မင်းသားတစ်ယောက်အနေနဲ့။ Singer တစ်ယောက်အဆိုတော်တစ်ယောက်အနေနဲ့တော့ ကျွန်တော် Asian Tour အရမ်းလုပ်ချင်တယ်ခင်ဗျာ။ ကျွန်တော် မြန်မာပြည်ဖွားတစ်ယောက်ဖြစ်ပြီးတော့ ဂျပန်ပြည်နဲ့အလုပ်လုပ်တယ်။ မြန်မာပြည်မှာပိုပြီးတော့ကျွန်တော့်သီချင်းတွေကိုလက်ခံပေးတဲ့ပရိသတ်တွေများတယ်ဆိုရင် ပတ်ဝန်းကျင်နိုင်ငံတွေကိုလည်းကျွန်တော်သွားလို့ရတယ်။ကျွန်တော် စိတ်ကူးယဉ်ထားတယ်ခင်ဗျာ။ ကျွန်တော် Asian Tour လုပ်ဖို့ ကြိုးစားနေပါတယ်ခင်ဗျာ”လို့ ရင်ဖွင့်ထားပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီးတော့ ကောင်မလေးထားဖို့အချိန်မရှိဘူးလို့လည်း “ကျွန်တော် ဇာတ်လမ်းတွဲလည်းရိုက်ရမယ်။ ဂျပန်ပြည်မှာလည်းအများကြီးရိုက်ရမယ်ဆိုတော့ ဘယ်ကြားထဲကနေချစ်သူဝင်လာမှာလည်းခင်ဗျာ။ ဝင်လာမယ့်ချစ်သူအတွက်လည်း schedule ကို မန်နေဂျာဆီကတောင်းရမယ်။ ကျွန်တော့်မန်နေဂျာကိုမေးကြည့်ပါလား၊ ချစ်သူအတွက် အချိန်နည်းနည်းလုပ်ပေးပါလို့၊ ကျွန်တော်က အချိန်ရှိလည်း မနက်မိုးလင်းတာနဲ့ဒီနေ့ဘာလုပ်ရမယ်ဘာကြိုးစားရမယ်ဆိုတာပဲစိတ်ကရောက်နေတာဆိုတော့ ကောင်မလေးတွေဘာတွေကြည့်ဖို့ကျွန်တော့်ဆီမှာအချိန်ကမရှိဘူးခင်ဗျာ။ ဒါပေမယ့်လိုတော့လိုတယ်နော်”လို့ ရယ်မောပြီး ဖြေကြားထားပါတယ်။