မုန့်ဖိုးငွေစုပြီး ရေဘေးသင့်ပြည်သူများအတွက် သိန်းရာကျော်လှူဒါန်း ခဲ့တဲ့ကျောက်ဆည်နည်းပညာကျောင်းသားများ




Credit – Writer – SHN(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ),Source Ref : Mon

Unicode

ကျောက်ဆည်နည်းပညာကျောင်းသားများရဲ့ မုန့်ဖိုးငွေစုပြီး ရေဘေးသင့်ပြည်သူများအတွက် သိန်းရာကျော်လှူဒါန်း

မွန်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်သူအများအပြားဒုက္ခရောက်ခဲ့ရပြီး လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။အနယ်နယ်အရပ်ရပ်က ပြည်သူတွေစုပြီးလှူဒါန်းမှုတွေလုပ်နေတာဟာ မြန်မာနိုင်ငံသားတွေရဲ့ ချစ်စရာပရဟိတစိတ်ဓာတ်လေးပဲဖြစ်ပါတယ်။

ရေဘေးဒုက္ခသည်များအတွက် နည်းပညာတက္ကသိုလ်(ကျောက်ဆည်) နဲ့ GTI (ကျောက်ဆည်) မှာရှိတဲ့ကျောင်းသား/သူများရဲ့မုန့်ဖိုးအကြွေလေးတွေစုပြီး စုပေါင်းလှူဒါန်းကြတာ ကျပ်သိန်း (၁၄၀) ကျော်ရရှိခဲ့ပါတယ်။အခက်အခဲဖြစ်နေတဲ့နေရာတွေကို ကျောင်းသားတွေကိုယ်တိုင်လှူဒါန်းမယ်လို့လည်းသိရပါတယ်။

ကိုယ်စားမယ့်မုန့်ဖိုးအကြွေလေးတွေကို ဒုက္ခသည်တွေအတွက် လှူဒါန်းလိုက်တဲ့ကျောင်းသား/သူတွေရဲ့ လုပ်ရပ်ကတော့ အတုယူစရာပါပဲခင်ဗျာ။

Loading...