CRD-Momolay
UNICODE
မုန့်ဟင်းခါးကို တစ်ပွဲ တစ်သောင်းကျော် ပေးစားခဲ့ရလို့ ရှောခ့်ရသွားတဲ့ နိုင်းဝမ်း
အဆိုတော် နိုင်းဝမ်းကတော့ ပရိသတ်တွေကြွေတဲ့ အနုပညာကို ဖန်တီးထားနိုင်သူတစ်ဦးဖြစ်ပြီး သာယာပျော်ရွှင်တဲ့ အချစ်ရေးကိုလည်း ပိုင်တးဆိုင်ထားသူတစ်ဦးပါ။ လတ်တလောမှာတော့ နိုင်းဝမ်းက လတ်တလော နာမည်ကြီးနေတဲ့ တစ်သောင်းကျော်တန် မုန့်ဟင်းခါးကို သွားစားမိတာကြောင့် ရှော့်ရသွားတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။
ချစ်ပရိသတ်တွေအတွက် တဲလေးထိုးပြီး ရောင်းတဲ့ဆိုင်မှာ မုန့်ဟင်းခါး တစ်ပွဲ တစ်သောင်းကျော်တန် ဝယ်စားမိခဲ့လို့ ရှော့ခ်ရသွားတဲ့ အကြောင်း ပြောလာတဲ့ နိုင်းဝမ်းရဲ့အတွေ့အကြုံလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
နိုင်းဝမ်းကတော့ “မနက်မိုးလင်း ဗိုက်ဆာဆာနဲ့ တဲလေးထိုးပြီးရောင်းတဲ့ဆိုင်မှာ မုန့်ဟင်းခါးထဲ ပုဇွန်ကြော်၊ငါးဖယ်၊ဘဲဥ၊ငါးသလောက်ဥ ထည့်ပြီး ၂ပွဲ အမုန်းတွယ်ပလိုက်တယ်…မုန့်ဟင်းခါးဆို အရည်ပျစ်ပျစ်မှကြိုက်တဲ့ ကိုယ်ဒေအတွက်တော့ ဟင်းရည်ကြဲကြီးနဲ့မို့ စားရတာအဆင်မပြေ..ဘေရှင်းတော့ ၂၃၀၀၀ တဲ့🤭🤭🤭ဆိုင်ရှင်ကလဲ ကိုယ့်ကို အမုန်းတွယ်၊ ခြင်ကလဲခြေထောက်ကို အမုန်းပြန်တွယ်သွားတယ်🤤🤤🤤” ဆိုပြီး တစ်ပွဲ တစ်သောင်းကျော်ပေးစားခဲ့ရပေမယ့် သူ့အတွက် အဆင်မပြေတဲ့အကြောင်း ပြောထားတာပါ။
အဆိုတော် နိုင်းဝမ်းကတော့ လတ်တလောမှာ အနုပညာလုှပ်ရှားမှုတွေ လုပ်ဖြစ်နေပြီး အရမ်းချစ်တဲ့ ချစ်သူလေးနဲ့ သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ဖန်တီးပုံဖော်ထားတာပါ။ချစ်ပရိသတ်တွေလည်း တဲလေးနဲ့ရောင်းတယ်ဆိုပြီး ပိုက်ဆံနည်းနည်းရှိရုံနဲ့ တွေ့တဲ့မုန့်ဟင်းခါးဆိုင်ကို ဝင်မစားမိစေဖို့ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်နော်။