ထိုင္းႏိုင္ငံကမီဒီယာတစ္ခုမွာ ျမန္မာ၊အဂၤလိပ္၊ထိုင္း ဘာသာစကားသုံးမ်ိဳးနဲ႔ အင္တာဗ်ဴးေျဖခဲ့တဲ့ပိုင္တံခြန္ရဲ႕ဗီဒီယိုဖိုင္

ေမာ္ဒယ္၊ သ႐ုပ္ေဆာင္ ပိုင္တံခြန္ကေတာ့ လက္ရွိမွာ ျမန္မာႏိုင္ငံမွာသာမက ထိုင္းႏိုင္ငံအထိပါ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။ ႐ုပ္ရည္ေခ်ာေမာေျပျပစ္တဲ့အျပင္ အမိုက္စားတက္တူးေတြနဲ႔ Six Packs ေတြ ပိုင္ဆိုင္ထားတဲ့ ပိုင္တံခြန္ကိုေတာ့ မိန္းကေလးပရိသတ္ေတြက အသည္းခိုက္ေအာင္ေႂကြေနရတာ ျဖစ္ပါတယ္။ ပ်ိဳမဒီေတြအသည္းစြဲရတဲ့ ပိုင္တံခြန္က အခုဆိုရင္ ထိုင္းႏိုင္ငံမွာပါ အႏုပညာအလုပ္ေတြ လုပ္ကိုင္ေနရတာ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ပိုင္တံခြန္က ပြဲအခမ္းအနားေလးေတြ တက္ေရာက္ေနရသလို ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ ေၾကာ္ျငာေတြလည္း ႐ိုက္ကူးေနရတာ ျဖစ္ပါတယ္။ မၾကာေသးခင္ကလည္း ပိုင္တံခြန္က ထိုင္းႏိုင္ငံမွာရွိတဲ့ သူရဲ႕ခ်စ္ပရိသတ္ေတြနဲ႔ေတြ႕ဆုံဖို႔ “Fan Meeting” တစ္ခုကို ဘန္ေကာက္မွာသြားေရာက္ျပဳလုပ္ခဲ့ပါတယ္။ ထိုင္းႏိုင္ငံမွာ အေတာ္ေလးေအာင္ျမင္မႈရေနတဲ့ ပိုင္တံခြန္တစ္ေယာက္ ထိုင္းႏိုင္ငံကနာမည္ႀကီးမီဒီယာေတြ ဝိုင္းဝိုင္းလည္ေအာင္ အင္တာဗ်ဴးေျဖခဲ့ရတာလည္း ျဖစ္ပါတယ္။

အခုလည္း ပိုင္တံခြန္က ထိုင္းမီဒီယာတစ္ခုျဖစ္တဲ့ ” Voice TV ” မွာ ထိုင္း၊ျမန္မာ၊ အဂၤလိပ္ ဘာသာစကားသုံးမ်ိဳးနဲ႔ အင္တာဗ်ဴးေျဖခဲ့တာ ေတြ႕ရပါတယ္။ ထိုင္းပရိသတ္ေတြသိခ်င္သမွ် ေမးခြန္းေလးေတြကို ေျဖၾကားခဲ့တဲ့ ပိုင္တံခြန္ရဲ႕ စကားေျပာဟန္နဲ႔ အမူအရာေလးေတြကေတာ့ တကယ့္ကိုဆြဲေဆာင္မႈရွိေနတာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြ သန္းနဲ႔ခ်ီေအာင္ ၾကည့္ရႈသူအမ်ားအျပားရရွိထားတဲ့ ပိုင္တံခြန္ရဲ႕ဗီဒီယိုဖိုင္ေလးကို ေအာက္မွာတင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Source:Paing Takhon;Video Credit- Voice TV;

UNICODE

ထိုင်းနိုင်ငံကမီဒီယာတစ်ခုမှာ မြန်မာ၊အင်္ဂလိပ်၊ထိုင်း ဘာသာစကားသုံးမျိုးနဲ့ အင်တာဗျူးဖြေခဲ့တဲ့ပိုင်တံခွန်ရဲ့ဗီဒီယိုဖိုင်

မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံအထိပါ အောင်မြင်ကျော်ကြားနေတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြေပြစ်တဲ့အပြင် အမိုက်စားတက်တူးတွေနဲ့ Six Packs တွေ ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်ကိုတော့ မိန်းကလေးပရိသတ်တွေက အသည်းခိုက်အောင်ကြွေနေရတာ ဖြစ်ပါတယ်။ ပျိုမဒီတွေအသည်းစွဲရတဲ့ ပိုင်တံခွန်က အခုဆိုရင် ထိုင်းနိုင်ငံမှာပါ အနုပညာအလုပ်တွေ လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပိုင်တံခွန်က ပွဲအခမ်းအနားလေးတွေ တက်ရောက်နေရသလို ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ပိုင်တံခွန်က ထိုင်းနိုင်ငံမှာရှိတဲ့ သူရဲ့ချစ်ပရိသတ်တွေနဲ့တွေ့ဆုံဖို့ “Fan Meeting” တစ်ခုကို ဘန်ကောက်မှာသွားရောက်ပြုလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ အတော်လေးအောင်မြင်မှုရနေတဲ့ ပိုင်တံခွန်တစ်ယောက် ထိုင်းနိုင်ငံကနာမည်ကြီးမီဒီယာတွေ ဝိုင်းဝိုင်းလည်အောင် အင်တာဗျူးဖြေခဲ့ရတာလည်း ဖြစ်ပါတယ်။

အခုလည်း ပိုင်တံခွန်က ထိုင်းမီဒီယာတစ်ခုဖြစ်တဲ့ ” Voice TV ” မှာ ထိုင်း၊မြန်မာ၊ အင်္ဂလိပ် ဘာသာစကားသုံးမျိုးနဲ့ အင်တာဗျူးဖြေခဲ့တာ တွေ့ရပါတယ်။ ထိုင်းပရိသတ်တွေသိချင်သမျှ မေးခွန်းလေးတွေကို ဖြေကြားခဲ့တဲ့ ပိုင်တံခွန်ရဲ့ စကားပြောဟန်နဲ့ အမူအရာလေးတွေကတော့ တကယ့်ကိုဆွဲဆောင်မှုရှိနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေ သန်းနဲ့ချီအောင် ကြည့်ရှုသူအများအပြားရရှိထားတဲ့ ပိုင်တံခွန်ရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Paing Takhon;Video Credit- Voice TV;