တူမေလးရဲ႕ အႏုပညာအရည္အခ်င္းေတြကို သုံးသပ္ေျပာျပလာတဲ့ အိျႏၵာေက်ာ္ဇင္

အိျႏၵာေက်ာ္ဇင္က တူမေလး ေမတိုးခိုင္ရဲ႕ သ႐ုပ္ေဆာင္အရည္အခ်င္းေတြအေပၚ အခုလို သုံးသပ္ေျပာျပလာပါတယ္။ သူတို႔ တူဝရီးႏွစ္ေယာက္တြဲသ႐ုပ္ေဆာင္ထားတဲ့ ‘’႐ူးေအာင္ခ်စ္မယ့္လူ’’႐ုပ္ရွင္ကားႀကီးကလည္း မၾကာခင္ ႐ုံတင္ေတာ့မယ္လို႔ ဆိုပါတယ္။

အိျႏၵာေက်ာ္ဇင္ကေတာ့ တူမေလးျဖစ္သူ ေမတိုးခိုင္နဲ႔ အတူတြဲၿပီး႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ‘’ ႐ူးေအာင္ခ်စ္မယ့္ လူ’’ လို႔ ဆိုပါတယ္။ ဒီဇာတ္ကားထဲမွာ ေမတိုးခိုင္ရဲ႕ ႀကိဳးစားမႈေတြကိုလည္း မီဒီယာေတြကေနတဆင့္ သုံးသပ္ေျပာျပခဲ့ပါတယ္။

‘’ အဲဒီဇာတ္ကားကိုေတာ့ ဝတၳဳေလးကတည္းက ပရိသတ္ေတြလည္း ႀကိဳက္ၾကတယ္။ ေမတိုးခိုင္ေလးကလည္း သူ ဒီဖာတ္ကားထဲမွာ အမ်ားႀကီး ႀကိဳးစားထားတယ္။ သူ႔ရဲ႕ ပထမဆုံး ဇာတ္ကားျဖစ္ေပမယ့္ သ႐ုပ္ေဆာင္ ဝါသနာပါတဲ့အတြက္ အဲဒီေသြးေတြကေတာ့ သူ႔မွာ ပါေနမွာေပါ့။ ကိုယ္ တြဲ႐ိုက္လိုက္တဲ့အခါမွာ သိတာေပါ့ေနာ္။ သူ႔မွာ ႀကိဳးစားခ်င္စိတ္ရွိတယ္ဆိုေတာ့ အဲဒီ ဇာတ္ကားမွာ သူအမ်ားႀကီး ႀကိဳးစားထားတယ္။ ပရိသတ္လည္း ၾကည့္ၿပီးေတာ့ ေဝဖန္ေပးၾကပါဦး’’ ဆိုၿပီးေတာ့ ၾသဂုတ္လ ၁၁ ရက္ေန႔က Bella ရဲ႕ A Perfume Affair ပြဲကို တက္ေရာက္ရင္းေျဖဆိုခဲ့ပါတယ္။

‘’႐ူးေအာင္ခ်စ္မယ့္လူ’’ ႐ုပ္ရွင္ကားႀကီးကိုေတာ့ ပုသိမ္သားအင္တာတိန္းမန႔္က ထုတ္လုပ္တာျဖစ္ၿပီး ဒါ႐ိုက္တာ ေအာင္ေဇာ္လင္းက ႐ိုက္ကူးပုံေဖာ္ထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ သ႐ုပ္ေဆာင္ ေနတိုး၊ အိျႏၵာေက်ာ္ဇင္ တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ ထားတာျဖစ္ပါတယ္။ ‘’႐ူးေအာင္ခ်စ္မယ့္လူ’’ ႐ုပ္ရွင္ဇာတ္ကားအတြက္ အူဝဲရဲ႕ ပရိသတ္ေတြနဲ႔ ေနတိုးရဲ႕ ပရိသတ္ေတြကေတာ့ ရင္ခုန္စိတ္လႈပ္ရွားရင္း ေစာင့္ေမွ်ာ္ေနရတဲ့ ဇာတ္ကားတစ္ကားပါ။ ဒီဇာတ္ကားကို စက္တင္ဘာလ ၁၂ ရက္ေန႔မွာ ႐ုံတင္ျပသသြားမယ္လို႔သိရပါတယ္။

သူမဟာ အခုဆိုရင္ ကိုယ္ပိုင္ထုတ္လုပ္ေရးက ႐ိုက္ကူးမယ့္ ‘’သရဲဆို ခ်ိဳနဲ႔လား’’ ဆိုတဲ့ ႐ုပ္ရွင္ကားႀကီးမွာ ထုတ္လုပ္သူအျဖစ္ ႐ိုက္ကူးမယ္လို႔ ဆိုပါတယ္။ ပရိသတ္အတြက္ တကယ္ေကာင္းမြန္တဲ့ ဇာတ္မ်ိဳးကိုသာ ေ႐ြးခ်ယ္ ႐ိုက္ကူးမယ္လို႔ ေျပာပါတယ္။

‘’ အခုေနာက္ပိုင္းမွာေတာ့ ပရိသတ္လည္း တကယ္ႀကိဳက္ႏိုင္မယ္။ အူဝဲလည္း တကယ္ ၁၀၀ရာခိုင္ႏႈန္း စိတ္ေက်နပ္မႈရွိမွပဲ ႐ိုက္ေတာ့တယ္။ ဇာတ္ကို အရမ္းမျငင္းပါနဲ႔လို႔ေတာ့ ေျပာေပမယ့္ ျငင္းျဖစ္တယ္လို႔ပဲ ေျပာရမွာ။ ပရိသတ္ကိုေတာ့ အရမ္းေတာင္းပန္တယ္။ ပရိသတ္ေတြကလည္း လုပ္ရတဲ့ဟာ သိပ္မရွိတဲ့အရာမ်ိဳးဆိုရင္ သိပ္မႀကိဳက္ၾကဘူး။ သူတို႔အတြက္ တကယ္ကိုေကာင္းတဲ့ ဇာတ္မ်ိဳးေလးကို ေ႐ြးၿပီးေတာ့႐ိုက္ျဖစ္တယ္ေပါ့ေနာ္’’ လို႔ဆက္လက္ေျပာျပခဲ့ပါတယ္။

အိျႏၵာေက်ာ္ဇင္ရဲ႕အႏုပညာသက္တမ္းကေတာ့ အႏွစ္ ၂၈ ႏွစ္ ေက်ာ္ၿပီျဖစ္ပါတယ္။သူမဟာ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ကားႀကီးေပါင္း မ်ားစြာတို႔ကိုလည္း ႐ိုက္ကူးထားသူတစ္ေယာက္ပါ။ ဒီေန႔အခ်ိန္ထိ ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္မႈရရွိေနတဲ့ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။သူမဟာ ၂၀၀၄ ခုႏွစ္မွာ “မ်က္ႏွာမ်ားတဲ့ မိုးေကာင္းကင္”၊ ၂၀၁၇ခုႏွစ္မွာ “ရင္ဘက္ထဲကဓား” တို႔နဲ႔ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုေတြကို ပိုင္ဆိုင္ႏိုင္ခဲ့သူပါ။

CRD-Cele Yatkwat

UNICODE

တူမလေးရဲ့ အနုပညာအရည်အချင်းတွေကို သုံးသပ်ပြောပြလာတဲ့ အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်က တူမလေး မေတိုးခိုင်ရဲ့ သရုပ်ဆောင်အရည်အချင်းတွေအပေါ် အခုလို သုံးသပ်ပြောပြလာပါတယ်။ သူတို့ တူဝရီးနှစ်ယောက်တွဲသရုပ်ဆောင်ထားတဲ့ ‘’ရူးအောင်ချစ်မယ့်လူ’’ရုပ်ရှင်ကားကြီးကလည်း မကြာခင် ရုံတင်တော့မယ်လို့ ဆိုပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ တူမလေးဖြစ်သူ မေတိုးခိုင်နဲ့ အတူတွဲပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ‘’ ရူးအောင်ချစ်မယ့် လူ’’ လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ မေတိုးခိုင်ရဲ့ ကြိုးစားမှုတွေကိုလည်း မီဒီယာတွေကနေတဆင့် သုံးသပ်ပြောပြခဲ့ပါတယ်။

‘’ အဲဒီဇာတ်ကားကိုတော့ ဝတ္ထုလေးကတည်းက ပရိသတ်တွေလည်း ကြိုက်ကြတယ်။ မေတိုးခိုင်လေးကလည်း သူ ဒီဖာတ်ကားထဲမှာ အများကြီး ကြိုးစားထားတယ်။ သူ့ရဲ့ ပထမဆုံး ဇာတ်ကားဖြစ်ပေမယ့် သရုပ်ဆောင် ဝါသနာပါတဲ့အတွက် အဲဒီသွေးတွေကတော့ သူ့မှာ ပါနေမှာပေါ့။ ကိုယ် တွဲရိုက်လိုက်တဲ့အခါမှာ သိတာပေါ့နော်။ သူ့မှာ ကြိုးစားချင်စိတ်ရှိတယ်ဆိုတော့ အဲဒီ ဇာတ်ကားမှာ သူအများကြီး ကြိုးစားထားတယ်။ ပရိသတ်လည်း ကြည့်ပြီးတော့ ဝေဖန်ပေးကြပါဦး’’ ဆိုပြီးတော့ သြဂုတ်လ ၁၁ ရက်နေ့က Bella ရဲ့ A Perfume Affair ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့ပါတယ်။

‘’ရူးအောင်ချစ်မယ့်လူ’’ ရုပ်ရှင်ကားကြီးကိုတော့ ပုသိမ်သားအင်တာတိန်းမန့်က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင် နေတိုး၊ အိန္ဒြာကျော်ဇင် တို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ ‘’ရူးအောင်ချစ်မယ့်လူ’’ ရုပ်ရှင်ဇာတ်ကားအတွက် အူဝဲရဲ့ ပရိသတ်တွေနဲ့ နေတိုးရဲ့ ပရိသတ်တွေကတော့ ရင်ခုန်စိတ်လှုပ်ရှားရင်း စောင့်မျှော်နေရတဲ့ ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့သိရပါတယ်။

သူမဟာ အခုဆိုရင် ကိုယ်ပိုင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ‘’သရဲဆို ချိုနဲ့လား’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ထုတ်လုပ်သူအဖြစ် ရိုက်ကူးမယ်လို့ ဆိုပါတယ်။ ပရိသတ်အတွက် တကယ်ကောင်းမွန်တဲ့ ဇာတ်မျိုးကိုသာ ရွေးချယ် ရိုက်ကူးမယ်လို့ ပြောပါတယ်။

‘’ အခုနောက်ပိုင်းမှာတော့ ပရိသတ်လည်း တကယ်ကြိုက်နိုင်မယ်။ အူဝဲလည်း တကယ် ၁၀၀ရာခိုင်နှုန်း စိတ်ကျေနပ်မှုရှိမှပဲ ရိုက်တော့တယ်။ ဇာတ်ကို အရမ်းမငြင်းပါနဲ့လို့တော့ ပြောပေမယ့် ငြင်းဖြစ်တယ်လို့ပဲ ပြောရမှာ။ ပရိသတ်ကိုတော့ အရမ်းတောင်းပန်တယ်။ ပရိသတ်တွေကလည်း လုပ်ရတဲ့ဟာ သိပ်မရှိတဲ့အရာမျိုးဆိုရင် သိပ်မကြိုက်ကြဘူး။ သူတို့အတွက် တကယ်ကိုကောင်းတဲ့ ဇာတ်မျိုးလေးကို ရွေးပြီးတော့ရိုက်ဖြစ်တယ်ပေါ့နော်’’ လို့ဆက်လက်ပြောပြခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ “မျက်နှာများတဲ့ မိုးကောင်းကင်”၊ ၂၀၁၇ခုနှစ်မှာ “ရင်ဘက်ထဲကဓား” တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။