ဘယ္မွမသြားႏိုင္တဲ့ေခးေမေမစႏၵီျမင့္လြင္ကို အိမ္အထိသြားၿပီး ေမြးေန႔ Suprise လုပ္ေပးခဲ့တဲ့ ညီညီေမာင္တို႔သူငယ္ခ်င္းတစ္စု

အဆိုေတာ္၊ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး စႏၵီျမင့္လြင္ကေတာ့ ခ်စ္စရာေကာင္းတဲ့ သမီးေလးတစ္ေယာက္ကို မၾကာခင္ကမွ ေမြးဖြားထားတဲ့ ကေလးေမေမ ျဖစ္ပါတယ္။ ၾကင္နာယုယၿပီး ဂ႐ုစိုက္တတ္တဲ့ ခ်စ္ခင္ပြန္းနဲ႔အတူ သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတဲ့ စႏၵီျမင့္လြင္ကေတာ့ ပရိသတ္ေတြအားက်ခ်စ္ခင္ရတဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ စႏၵီျမင့္လြင္က သမီးေလးေမြးဖြားထားတာေၾကာင့္ အိမ္မွာပဲ အနားယူေနတာ ေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ (၁၂) ရက္ေန႔ကေတာ့ ပရိသတ္အခ်စ္ေတာ္ စႏၵီျမင့္လြင္ရဲ႕ေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ ဒီႏွစ္ေမြးေန႔ေလးမွာေတာ့ စႏၵီျမင့္လြင္က အိမ္မွာပဲ သံဃာေတာ္ေတြပင့္ဖိတ္ၿပီး ဝါဆိုသကၤန္းဆပ္ကပ္လႉဒါန္းရင္း ကုသိုလ္ျပဳခဲ့တာ ျဖစ္ပါတယ္။ ညဘက္ႀကီး ဘယ္မွမသြားႏိုင္တဲ့ ေခးေမေလး စႏၵီျမင့္လြင္ကိုေတာ့ ညီညီေမာင္တို႔သူငယ္ခ်င္းတစ္စုက အိမ္အထိသြားၿပီး ေမြးေန႔ကိတ္နဲ႔အတူ Suprise ျပဳလုပ္ေပးခဲ့ၾကပါတယ္။

အခုလည္း စႏၵီျမင့္လြင္က ” ညဘက္ႀကီး ဘယ္မွမသြားႏိုင္တဲ့ေခးအေမကိုကိတ္လာခြဲေပးၾကတာတဲ့ ကိတ္လွလွေလးအတြက္လဲေက်းဇူးပါေနာ္ ညီမဘုတ္ေရ ” ဆိုၿပီး တင္ထားသလို ညီညီေမာင္ကလည္း ” Sandy Myint Lwin ဒီေမြးေန႔ကိတ္ခြဲ ၿပီး ကေလးေလးသြားထိန္းက်တာ ေမေမျဖစ္မွ ဒီေလး ပိုလွလာတယ္” ေျပာျပထားတာ ေတြ႕ရပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ စႏၵီျမင့္လြင္ရဲ႕ေမြးေန႔ပြဲက ပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Source:Sandy Myint Lwin & Nyi Nyi Maung,CRD-Myanmarload

UNICODE

ဘယ်မှမသွားနိုင်တဲ့ခေးမေမေစန္ဒီမြင့်လွင်ကို အိမ်အထိသွားပြီး မွေးနေ့ Suprise လုပ်ပေးခဲ့တဲ့ ညီညီမောင်တို့သူငယ်ချင်းတစ်စု

အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို မကြာခင်ကမှ မွေးဖွားထားတဲ့ ကလေးမေမေ ဖြစ်ပါတယ်။ ကြင်နာယုယပြီး ဂရုစိုက်တတ်တဲ့ ချစ်ခင်ပွန်းနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ စန္ဒီမြင့်လွင်ကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်က သမီးလေးမွေးဖွားထားတာကြောင့် အိမ်မှာပဲ အနားယူနေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၁၂) ရက်နေ့ကတော့ ပရိသတ်အချစ်တော် စန္ဒီမြင့်လွင်ရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့လေးမှာတော့ စန္ဒီမြင့်လွင်က အိမ်မှာပဲ သံဃာတော်တွေပင့်ဖိတ်ပြီး ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းရင်း ကုသိုလ်ပြုခဲ့တာ ဖြစ်ပါတယ်။ ညဘက်ကြီး ဘယ်မှမသွားနိုင်တဲ့ ခေးမေလေး စန္ဒီမြင့်လွင်ကိုတော့ ညီညီမောင်တို့သူငယ်ချင်းတစ်စုက အိမ်အထိသွားပြီး မွေးနေ့ကိတ်နဲ့အတူ Suprise ပြုလုပ်ပေးခဲ့ကြပါတယ်။

အခုလည်း စန္ဒီမြင့်လွင်က ” ညဘက်ကြီး ဘယ်မှမသွားနိုင်တဲ့ခေးအမေကိုကိတ်လာခွဲပေးကြတာတဲ့ ကိတ်လှလှလေးအတွက်လဲကျေးဇူးပါနော် ညီမဘုတ်ရေ ” ဆိုပြီး တင်ထားသလို ညီညီမောင်ကလည်း ” Sandy Myint Lwin ဒီမွေးနေ့ကိတ်ခွဲ ပြီး ကလေးလေးသွားထိန်းကျတာ မေမေဖြစ်မှ ဒီလေး ပိုလှလာတယ်” ပြောပြထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်ရဲ့မွေးနေ့ပွဲက ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။