





CRD-Momolay

UNICODE

ရှက်တတ်တဲ့ နက္ခတ်နဲ့အတူတူ Tik Tok ရိုက်ခဲ့တဲ့ ခြူးလေး

“ချစ်ရပါသောနွေ” ဇာတ်လမ်းတွဲမှာကတည်းက ပူသိုင်နဲ့ ချစ်နွေဆိုပြီး ပရိသတ်တွေ အားပေးခဲ့ကြရတဲ့ မင်းသားချော နက္ခတ်နဲ့ မင်းသမီးချောလေး ခြူးလေးကို ပရိသတ်တွေ မှတ်မိကြဦးမယ် ထင်ပါတယ်။ နက္ခတ်နဲ့ ခြူးလေးတို့က ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာခဲ့တာဖြစ်ပြီး အခုဆိုရင် ဝါရင့်သရုပ်ဆောင်တွေနဲ့အပြိုင် သရုပ်ဆောင်နိုင်ပြီပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ခြူးလေးက မင်းသားချော နက္ခတ်နဲ့အတူတူ Tik Tok အမှတ်တရ ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ပရိသတ်တွေအတွက် ခြူးလေးနဲ့ နက္ခတ်ရဲ့ Tik Tok လေးကို မျှဝေပေးလိုက်ပါတယ်နော်။

ရှက်တတ်တဲ့ နက္ခတ်နဲ့အတူတူ Tik Tok ရိုက်ခဲ့တဲ့ ခြူးလေး

နက္ခတ်နဲ့ ခြူးလေးတို့က “ချစ်ရပါသောနွေ” ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိခဲ့ပြီး လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ကိုယ်စီလုပ်ကိုင်နေလျက်ရှိပါတယ်။ နက္ခတ်က လက်ရှိမှာတော့ နန်းစန္ဒာလှထွန်းနဲ့ “ကျွန်တော်အမုန်းဆုံးကျွန်တော်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေသလို ခြူးလေးကလည်း အနုပညာလုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်နေတာတွေ့ရပါတယ်။

နက္ခတ်ကတော့ “ချစ်ရပါသောနွေ” ဇာတ်လမ်းတွဲမှာသာမက Tik Tok ရိုက်ရင်းတောင် ရှက်နေတာပဲနော်။ ပရိသတ်ကြီးလည်း ခြူးလေးနဲ့ နက္ခတ်တို့ရဲ့ Tik Tok လေးကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။