



Source:Tyron Bejay,CRD-Myanmarload

UNICODE

ခင်ဗျားတို့ထင်နေတဲ့ အဲ့ဒီမင်းသမီးနဲ့က ပြတ်တာကြာပြီဆိုပြီး ဒဲ့ဖြေရှင်းလိုက်ပြီဖြစ်တဲ့ တိုင်ရွန်

ပရိသတ်ကြီးရေ မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး တိုင်ရွန်ကတော့ ဗလတောင့်တောင့်နဲ့ ယောက်ျားပီသတဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်တစ်ဦး ဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြေပြစ်ပြီး ဆွဲဆောင်မှုအားပြင်းတဲ့ တိုင်ရွန်က အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တိုင်ရွန်က ရုပ်ရှင်ဇာတ်ကားကြီးတွေဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာတော့ တိုင်ရွန်က Photo Shooting လေးတွေရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေလည်း ဆက်တိုက်တက်ရောက်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လတ်တလောမှာ မင်းသားချော တိုင်ရွန်က မင်းသမီးတစ်ယောက်နဲ့တွဲနေတယ်ဆိုတဲ့ သတင်းတစ်ခုကလည်း ထွက်ရှိလို့နေတာ တွေ့ရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဒီနေ့မှာတော့ မင်းသားတိုင်ရွန်က သူရဲ့My Story မှာ စာတင်ပြီး ပြန်လည်ဖြေရှင်းလိုက်ပြီပဲ ဖြစ်ပါတယ်။

တိုင်ရွန်က ” ခင်ဗျားတို့ထင်နေတဲ့ အဲ့ဒီမင်းသမီးနဲ့ ပြတ်တာကြာပြီ Ok? လိုက်နေတယ်ဆိုတဲ့ တလွဲတွေတော်တော့ ” ဆိုပြီး မကြာသေးခင်ကမှ ရေးပြီးတင်လိုက်တာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ထွက်ပေါ်နေတဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး အတော်လေးသိချင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်ရွန်က အားလုံးထင်မြင်ချက်ပေးနေတဲ့ မင်းသမီးနဲ့ ပတ်သက်မှုမရှိကြောင်း သတင်းအလွဲတွေကိုလည်း မပြောကြဖို့ပြောရင်း ပြန်လည်ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။