ရိုက်ကူးရေးတစ်ခုမှာ အတူဆုံနေကြတဲ့ နက္ခတ်နဲ့ ခေးဆက်သွင်တို့ရဲ့ပုံရိပ်တွေ

ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ရင်မှာ နေရာရလာတဲ့ နက္ခတ်နဲ့ ခေးဆက်သွင်တို့ အနုပညာမောင်နှမနှစ်ဦးကတော့ ချစ်ရတဲ့ အနုပညာကို အကောင်းဆုံးလုပ်ကိုင်နေကြသူလေးတွေပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နက္ခတ်က မင်းသမီးချောလေး ခေးဆက်သွင်နဲ့ ရိုက်ကူးရေးတစ်ခုမှာ အတူဆုံနေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ခမ်းနားလှပတဲ့ ဖက်ရှင်တွေနဲ့ ရိုက်ကူးရေးလုပ်နေကြတဲ့ နက္ခတ်နဲ့ ခေးဆက်သွင်တို့ရဲ့ပုံရိပ်တွေကတော့ အရမ်းကို လိုက်ဖက်ညီနေကြတာပါနော်။

ချစ်ပရိသတ်တွေအတွက် ရိုက်ကူးရေးတစ်ခုမှာ အတူဆုံနေကြတဲ့ နက္ခတ်နဲ့ ခေးဆက်သွင်တို့ အနုပညာမောင်နှမနှစ်ဦးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နက္ခတ်ကတော့ “Photo shooting ” ဆိုပြီး ခေးဆက်သွင်နဲ့အတူ ရိုက်ကူးရေးလုပ်နေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

နက္ခတ်နဲ့ ခေးဆက်သွင်တို့နှစ်ဦးကတော့ မကြာသေးခင်က ပြသသွားတဲ့ နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “အရိပ်” ဇာတ်လမ်းထဲမှာလည်း ကျော်ထွန်းညိုနဲ့ အမာညိုအဖြစ် ကာရိုက်တာဝင်အောင် အကောင်းဆုံးကြိုးစားရိုက်ကူးခဲ့တာကြောင့် ပရိသတ်တွေသဘောကျနေကြတာပါ။ လတ်တလောမှာတော့ သူတို့နှစ်ဦးလုံးက ချစ်ရတဲ့ အနုပညာအလုပ်တွေကို ကြိုးစားပြီး လုပ်ကိုင်နေကြတယ်လို့လည်း သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရိုက်ကူးရေးတစ်ခုမှာ လိုက်ဖက်ညီစွာ တွေ့မြင်ရတဲ့ နက္ခတ်နဲ့ ခေးဆက်သွင်တို့ရဲ့ပုံရိပ်လေးတွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

credit – momolay