သမီးတွေနဲ့ဆံပင်ပုံစံတူအောင်ထားပြီး မေမေထရီဇာကို စနောက်လိုက်တဲ့ ဖေဖေလင်းလင်းရဲ့ Video

ချစ်စဖွယ်သမီးလေး ခေတ်နဲ့သစ်တို့ကို ပိုင်ဆိုင်ထားတဲ့ ဖေဖေလင်းလင်းနဲ့ မေမေထရီဇာတို့ နှစ်ယောက်သား သမီးတွေနဲ့ပက်သက်ပြီး အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် စနောက်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဖေဖေလင်းလင်းတစ်ယောက် သမီးလေးနှစ်ယောက်နဲ့ ဆံပင်ပုံစံအတူတူ ထားပြီး မေမေထရီဇာကို နောက်ပြောင်လိုက်တာပဲဖြစ်ပါတယ်။


ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ဟာလည်း အားလုံးရဲ့အချစ်တော်လေးတွေဖြစ်ပြီး နှစ်ယောက်သားရဲ့အပြုအမူလေးတွေဟာလည်း ချစ်စရာ အသည်းယားစရာကောင်းလွန်းနေပါတယ်။ သိပ်ကို လည်ပြီး တော်လွန်းတတ်လွန်းတာမို့ အများကြားမှာ ရေပန်းစားလွန်းတဲ့ ချစ်စဖွယ်အမွှာလေး နှစ်ယောက်ပါပဲ။

ဖေဖေလင်းလင်းတစ်ယောက် သမီးတွေနဲ့ပုံရိပ်လေးကို ” သမီးတွေနဲ့ပတ်သတ်ရင် ကမ္ဘာပေါ်ကအဖေတွေဟာ အရူး ငပေါတွေဆိုတာ သိပ်မှန်တာဘဲ ကေတူ မောင်နှမသုံးယောက် ယခုပုံများနှင့် movie ဖိုင်အားကြည့်ခြင်းအားဖြင့်ေ မမေထရီဇာရဲ့ ပရိတ်သတ်များအနေနဲ့ သမီးတွေဟာ အဖေနဲ့တူလို့ ချောမောခြင်းအား ကန့်ကွက်မဲမရှိ လက်ခံပေးကြစေကုန်သောဝ် ,,,, ခွိခွိ ” ဆိုပြီး ချစ်ဇနီးကို စနောက်လိုက်တာပဲ ဖြစ်ပါတယ်။

Photo – Htwe Lynn Ko,credit – myanmarload