သမီးလေးတွေကျောင်းဆင်းချိန်ကိုကြည့်ပြီး သူနဲ့တူလို့ အရမ်းကိုသဘောကျနေတဲ့ လင်းလင်း

နိုင်ငံကျော် သရုပ်ဆောင်နှင့်အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေ တို့ မောင်နှံနှစ်ဦးက အားပေးသူပရိသတ်အခိုင်အမာနဲ့ အချိန်ကြာကြာ ရပ်တည်နေနိုင်သူတွေပဲ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ မောင်နှံနှစ်ဦးကတော့ သူတို့ချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုလေးကို သာယာလှပအောင် တည်ဆောက်နေသူတွေပဲ ဖြစ်ပါတယ်။ မိသားစုဘဝလေးကို သာယာလှပအောင် တည်ဆောက်ထားကြတဲ့ သူတို့ မောင်နှံနှစ်ဦးကတော့ ချစ်စရာကောင်းတဲ့ (၂) နှစ်အရွယ် အမွှာသမီးလေး နှစ်ယောက်ကိုပါ ပိုင်ဆိုင်ထားရှိခဲ့ပြီးပဲဖြစ်ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေရဲ့ သမီးလေးနှစ်ယောက်ကလဲ တစ်နေ့တစ်ခြား ပိုပိုချစ်စရာကောင်းလာပြီး အရွယ်ရောက်လာတာကြောင့် အိုက်တင်မျိုးစုံလုပ်ပြီး ပဲပေးတတ်နေပြီပဲ ဖြစ်ပါတယ်။ မိန်းကလေးပီပီ အလှအပကလဲ ကြိုက်တတ်တာမို့ တစ်နေ့တစ်မျိုး မရိုးရအောင် ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ခေတ်နဲ့သစ်တို့ ညီအစ်မနှစ်ယောက်ရဲ့ ကျောင်းဆင်းချိန်မှ ချစ်စရာဗီဒီယိုင်ဖိုင်လေးကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

သမီးလေးတွေ ကျောင်းဆင်းချိန်ကိုကြည့်ပြီး သူနဲ့တူလို့ အရမ်းကို သဘောကျနေခဲ့ရတဲ့ လင်းလင်းကတော့ ” ဒီလိုကျောင်းဆင်းပြန်တာကြတော့ ကိုယ်နဲ့တစ်ပုံစံထဲ ဘာမှလွယ်စရာမလို ပါလာတဲ့ဟာဆွဲသွားရုံဘဲ ဟဲဟဲ ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ခေတ်နဲ့ သစ်တို့ ညီအစ်မနှစ်ယောက်ရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကို ဆက်လက်ပြီး ကြည့်ရှုအားပေးသွားကြပါဦးနော်။

သမီးလေးတွေကျောင်းဆင်းချိန်မှ သူနဲ့တူတဲ့ အကျင်းလေးကို တွေ့ရှိရလို့ အရမ်းကို သဘောကျနေခဲ့ရတဲ့ ဖေဖေ လင်းလင်းကတော့ ခေတ်ခေတ်လေးနဲ့ သစ်သစ်လေးတို့ရဲ့ ကျောင်းပြန်ချိန် ဗီဒီယိုဖိုင်လေးကို သေချာကျနစွာ ရိုက်ပြပေးထားခဲ့တဲ့အတွက် ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မိမယ်လို့ ထင်ပါတယ်။ ခေတ်ခေတ်နဲ့ သစ်သစ်တို့ ညီအစ်မနှစ်ယောက်လို မိုမိုလေး ချစ်ပရိသတ်တွေ ငယ်ငယ်ကလည်း လွယ်အိတ်ကို မြေကြီးပေါ်မှာဆွဲပြီး ပြန်ခဲ့ဘူးတယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပေးပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အချိန်ပေးပြီး ကြည့်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

credit – momolay