” ကျစ်လျစ်လှပတဲ့ ဗိုက်သားတစ်ခုပိုင်ဆိုင်ရအောင် အကောင်းဆုံးကြိုးစားနေတဲ့ မမြတ်လေး “

အေးမြတ်သူက စိတ်စေတနာဖြူစင်တဲ့ သူတစ်ယောက်ဖြစ်လို့ မျက်နှာလေးက အေးချမ်းကြည်လင်ကာ အရမ်းကိုချစ်စရာကောင်းပါတယ်။အေးမြတ်သူက လူတန်းစားခွဲခြားမှု မရှိဘဲ လူတိုင်းကို ဖော်ရွေစွာဆက်ဆံလို့ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းတဲ့ မင်းသမီးတစ်လက်ပါ။အေးမြတ်သူက အနုပညာလောကထဲကို သာမာန်ဘဝကနေ ဝင်ရောက်လာခဲ့ပြီး ယခုလိုအခြေအနေမျိုးထိဖြစ်အောင် တစ်ဆင့်ချင်းတက်၍တစ်လှမ်းချင်းကြိုးစားခဲ့တဲ့သူပါ။အေးမြတ်သူရဲ့ ပထမဦးဆုံးအနုပညာအလုပ်က မော်ဒယ်ဖြစ်ပြီးနောက်ပိုင်းမှာတော့ ကြော်ငြာတွေရိုက်ကူးလာကာ ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာကိုတွေ့ရပါတယ်။သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေဆဲဖြစ်တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူမကတော့ မတ်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်တဲ့ အကယ်ဒမီ ဆုချီးမြှင့်ပွဲအခမ်းအနားကြီးမှာ ထိုက်တန်တဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ဆွတ်ခူးရရှိထားခဲ့ရပြီးပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ ကိုယ်ခန္ဓာကျစ်လျစ်အောင် gymဆော့လေ့ရှိတဲ့ အေးမြတ်သူဟာ ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ gym ဆော့နေပုံကို TitTok မှာဗီဒီယိုလေးတင်ထားတာပဲ ဖြစ်ပါတယ်။ အထာကျကျဆော့နေတဲ့ပုံကတော့ ဆွဲဆောင်မှုရှိရှိနဲ့ ဖြစ်တာမို့ ပရိသတ်တွေက သူမရဲ့ ခန္ဓါကိုယ်ကိုအားကျနေရတာပဲ ဖြစ်ပါတယ်။ အဓိကဆော့နေတာကတော့ ဗိုက်သားကျစ်လျစ်အောင်ဆော့နေတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း မမြတ်လေးရဲ့ TitTokဗီဒီယိုလေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

CREDID- CELEGABAR