ချစ်ဖို့ကောင်းတဲ့အပြုံးလှလှလေးနဲ့ ပုရိသတွေရဲ့နှလုံးသားကဝေဒနာကို ကုသပေးမယ့် ဒေါက်တာမလေးဖြစ်သွားခဲ့တဲ့ ခေးလေးခင်ဝင့်ဝါ

ချစ်ပရိတ်သတ်ကြီးရေ…. ခေးလေးလို့ ပရိတ်သတ်တွေချစ်စနိုးခေါ်ခေါ်နေတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ခင်ဝင့်ဝါဟာ အားလုံးရဲ့ချစ်ခင်အားပေးမှုကိုတစ်ခဲနက်ရရှိထားသူလေးပါနော်။ ထူးထူးခြားခြား ရှတတအသံလေးနဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာလုံးလုံးလေးက ပရိတ်သတ်တွေရဲ့ နှလုံးသားကိုသိမ်းပိုက်ပြီး အချစ်တွေပိုခဲ့ရတာပါနော်။

ပီပြင်လှတဲ့ အကယ်ဒမီရှော့ခ်အိုက်တင်တွေနဲ့ ကျရာဇာတ်ရုပ် ဘယ်လို သရုပ်မျိုးကိုမဆို ပီပီပြင်ပြင်နဲ့ ပရိတ်သတ်တွေရင်ထဲကိုစွဲထင်ကျန်ရစ်နေအောင်ကို သရုပ်ဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်နော်။ ဒကြောင့်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလိုရိုက်ကူးနေရပြီးတော့ ပရိတ်သတ်တွေကြားမှာရေပန်းအစားဆုံးမင်းသမီးလေးတစ်လက်ဖြစ်နေရတာပါနော်။

သူမဟာသူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေ အလှပုံရိပ်လေးတွေကို မျှဝေပေးလေ့ရှိပြီးတော့ အခုတစ်ခါမှာ ပရိတ်သတ်တွေကို surpriseလုပ်ကာ သူမဆရာဝန်မလေးပုံစံနဲ့ရိုက်ထားတဲ့ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေကို ထုတ်ပြခဲ့ပါတယ်နော်။ ချစ်ဖို့ကောင်းတဲ့အပြုံးလှလှလေးတွေနဲ့တင် ဝေဒနာတွေယူပစ်သလိုပျောက်သွားစေနိုင်တာမို့ ပုရိသတွေရဲ့ အသည်းစွဲ ချစ်စရာ ဒေါက်တာမလေးဖြစ်လို့နေပါတယ်နော်။ ကဲ… အဖြူရောင်ကုတ်လေးနဲ့. အရမ်းကိုလှနေတဲ့ ဒေါက်တာမလေးခင်ဝင့်ဝါရဲ့ အကြွေတစ်လိုင်း ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

credit – myanmarload