မြင်သူတိုင်းကို ရင်အေးစေခဲ့တဲ့ သဇင်နွယ်ဝင်းရဲ့ ချစ်စရာ အလှ

သဇင်နွယ်ဝင်းကတော့ MRTV 4 ရဲ့ Presenter ဆယ်လီမမပါ။သဇင်နွယ်ဝင်းရယ်လို့ ပြောလိုက်ရင် မသိသူမရှိတဲ့ အစီအစဉ်တင်ဆက်သူလေးပါ။ MRTV 4 ရဲ့ အစီအစဉ်တိုင်းလိုလိုမှာ သူမကို တွေ့နေရတာပါ။ချစ်စရာ ကောင်း ပြီး ဖြူစ င်တဲ့ အလှနဲ့ သူမရဲ့သွားတက်လှလှလေးကြောင့် ပရိသတ်တွေ အထူးသဖြင့် အမျိုးသား ပရိသတ်တွေရဲ့ အားေ ပး ၀န်းရံမှုကို အပြည့်အ၀ကို ရထားသူလေးပါ။ Presenter မမ ကတော့ နောက်ထပ် ချစ်စရာအပြုံးေ လးတွေနဲ့ ပရိသတ်ကို ထပ်ပြီး ဖမ်းစားလိုက်ပြန်ပါတယ်။

သဇင်နွယ်ဝင်းကတော့ လက်တလောမှာ မန္တလေးမြို့ကို ရောက်နေပါတယ်။မန္တလေးကို ရောက်တုန်းရောက် ခိုက် မန္တလေး မဟာမုနိဘုရားကြီးကို သွားရောက် ဖူးမြော်ပူဇော်ခဲ့ပါတယ်။မြန်မာဝတ်စုံလေးနဲ့ ဘုရားဖူး နေတဲ့ သူမရဲ့ အလှပုံလေးတွေကို မြင်ရသူတိုင်းကို ရင်အေးစေပါတယ်။

Presenter မမကတော့ မင်းသမီးတစ်ယောက် အဖြစ်နဲ့ ပရိသတ်တွေရှေ့ကို ရောက်လာတော့မှာပါ။ Escape ဆိုတဲ့ ဇာတ်ကားမှာ သူမက ပြည့်ပြည့်ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားအတွက် ကန်ေ တာ့ ပွဲ အခမ်းအနားကိုတော့ ဖေဖော်ဝါရီ လဆန်းပိုင်းက ပြုလုပ်ခဲ့ပါတယ်။ရိုက်ကူးရေးတွေကတော့ ပြီးစီး ခဲ့ပြီ လို့ ယူဆရပါတယ်။

Source သဇင်နွယ်ဝင်းရဲ့ fb