နေဝင်ဆည်းဆာချိန်နဲ့ အလှချင်းပြိုင်နေတဲ့ ရေသူမလေး သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်တွေ

ပရိသတ်​​တွေအရမ်းချစ်​ကြတဲ့ မင်းသမီး​ချော​လေး သင်​ဇာဝင့်​​ကျော်​က​တော့ သူမကိုယ်​သူမ အမြဲ ယုံကြည်​မှုရှိပြီး တက်​ကြွလန်းဆန်း​နေတတ်​တဲ့ ဆွဲ​ဆောင်​မှုရှိလွန်းသူ​လေး တစ်​ဦးပါ။ အမြဲလိုလို စိတ်​ဝင်​စားစရာ​ကောင်းတဲ့ အမိုက်​စား ​ဖက်​ရှင်​​တွေနဲ့ ပွဲတက်​​လေ့ရှိတဲ့ သင်​ဇာ​လေးက​တော့ ပရိသတ်​​တွေရဲ့ စိတ်​အာရုံကို အမြဲဖမ်းစားထားနိုင်​သူ​လေးဆိုရင်လည်း မမှားပါဘူး​။ လတ်​တ​လောမှာ​တော့ သင်​ဇာလေးက ရေသူမလေးအသွင်ဖြင့် မော်ဒိုက်မှာ ရိုက်ကူးထားတဲ့ ချစ်စရာပုံရိပ်လေးတွေကို တစ်လောကလုံး လှုပ်ခတ်သွားအောင် လူမှုကွန်ယက်ပေါ်မှာဝေမျှပေးထားတာပါ။

ချစ်ပရိသတ်တွေအတွက် ရေသူမလေးအသွင်ဖြင့် ပုရိသတွေကို ဗြောင်းဆန်သွားအောင် လုပ်လိုက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ နေဝင်ဆည်းဆာနဲ့အတူ အလှချင်းပြိုင်နေတဲ့ ချစ်စရာပုံရိပ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

အနုပညာသမား​ကောင်းတစ်​ဦးဖြစ်​တဲ့ သင်​ဇာ​လေးက​တော့ အခက်​အခဲ​တွေကို မမှုပဲ သူမချစ်​တဲ့ အနုပညာကိုသာ အ​ကောင်းဆုံး​နဲ့ တာဝန်​အ​ကျေဆုံး ပုံ​ဖော်​​နေတာပဲ ဖြစ်​ပါတယ်​။

ရေသူမလေးတစ်ယောက်လို ဝတ်ဆင်ပြီး သာယာလှပတဲ့ ညနေ နေဝင်ဆည်းဆာချိန်လေးနဲ့ အလှချင်းပြိုင်နေတဲ့ သင်ဇာရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

သရုပ်​​ဆောင်​ပိုင်းမှာလည်း ကျရာဇတ်​ရုပ်​ကို ပီပြင်​​အောင်​ သရုပ်​​ဆောင်​နိုင်​တဲ့ သင်​ဇာဝင့်​​ကျော်​က​တော့ လက်​ရှိမှာ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ဆက်​တိုက်​ ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ဖြစ်​​နေတယ်​လို့ သိရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း တစ်ခါတစ်လေမှာ အားလုံးနဲ့ဆန့်ကျင်ပြီးနေရတာ သဘောကျတယ်ဆိုတဲ့ သင်​ဇာ​ဝင့်ကျော်ရဲ့ မော်ဒိုက်ကမ်းခြေမှာ ရေသူမလေးအသွင်ဖြင့် အလှကြီးလှနေတဲ့ ပုံရိပ်လေးကိုကြည့်ရှုး သဘောကျ ကြိုက်နှစ်သက်ပြီး အချစ်ပိုမိတယ်ဆိုရင် မျှဝေပြီး အားပေးသွားကြပါဦးနော်။

Credit – momolay