ရန်ကုန်မပြန်ခင်လေး ဇင်မျိုး၊ Kညီနဲ့ နေလင်းတို့ကို တစ်သောင်းတန်တွေ မုန့်ဖိုးပေးခဲ့တဲ့ သက်မွန်မြင့်

ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး သက်မွန်မြင့်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုတွေကို ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ သက်မွန်မြင့်ဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားသူတစ်ဦးဖြစ်ပါတယ်။ သက်မွန်မြင့်ကို အားပေးကြတဲ့ ပရိသတ်တွေကလဲ အမြို့မြို့ အနယ်နယ်မှာ အများအပြားရှိနေတာပဲဖြစ်ပါတယ်။

Loading...

အမြဲလိုလို ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သက်မွန်မြင့်က အခုလက်ရှိမှာတော့ မြင့်မြတ်၊ ခြူးလေး၊ ဖင်မျိုး၊ Kညီတို့နဲ့အတူတူ “ကဝေသေလို့ ခြောက်တဲ့တစ္စေ” ရုပ်ရှင်ဇာတ်ကားကြီးကို ဂန့်ဂေါမြို့မှာ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

“ကဝေသေလို့ ခြောက်တဲ့တစ္စေ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီး ရန်ကုန်မြို့ကို မပြန်ခင်လေး သက်မွန်မြင့်က သူမရဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာမောင်နှမတွေဖြစ်တဲ့ ဇင်မျိုး၊ Kညီနဲ့ နေလင်းတို့ကို တစ်သောင်းတန် ငွေစက္ကူတွေနဲ့ မုန်းဖိုးတွေ အများကြီး ပေးခဲ့ပါတယ်။

မုန့်ဖိုးတွေ ရခဲ့တဲ့ ဇင်မျိုးကလဲ “Bye လို့နှုတ်​မဆက်​ခင်​​လေးမုန့်​ဖိုး​တွေ​ပေးသွား​တော့ ဘယ်​လိုအိပ်​လို့​ပျော်​​တော့မလဲ သက်မွန်မြင့်ရယ်” ဆိုပြီး ဝမ်းသာစကားလေး ပြောထားပါသေးတယ်။ ကိုဇင်မျိုးတို့ကို ကြည့်ရတာလဲ တော်တော်လေး ပျော်နေတဲ့ပုံပဲနော်။

သက်မွန်မြင့်ကတော့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်လဲ သဘောကောင်းလွန်းတဲ့ စေတနာရှင်မလေး တစ်ဦးပါပဲ။ သက်မွန်မြင့်တစ်ယောက် အခုထက်မက အောင်မြင်မှုတွေ ရရှိပြီး အကယ်ဒမီဆုများစွာလဲ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay